General Power of Attorney vs Special power of Attorney

General Power of Attorney vs Special power of Attorney 

(Special Power) ဆိုသည်မှာ နေရပ်လိပ်စာအတိအကျ၊ မြေတိုင်းရပ်ကွက်အမှတ်၊ ဧရိယာအကျယ်

အဝန်းအချက်အလက် အသေးစိတ်ကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ အိုးအိမ်ဦးစီးဌာန၊ စာရွက်စာတမ်းမှတ်ပုံတင်ဌာနနှင့် ရုံးဌာနအသီးသီးမှာ တရားဝင် ငှားရမ်းရန်၊ ပေးကမ်းရန်အတွက် ဆောင်ရွက်နိုင်အောင်ဆိုပြီး မူလအမည်ပေါက်ပိုင်ရှင်မှ တခြားသူတစ်ယောက်ကို လွှဲပြောင်းပေးအပ်လိုက်ခြင်း ဖြစ်သည်။

မူလပိုင်ရှင်၏ SP ရရှိထားသူသည် ပိုင်ရှင်မပါသော်လည်း မြေအား ဝယ်ခြင်း၊ ရောင်းခြင်း စာချုပ်ချုပ်များ ချုပ်ဆိုရောင်းချနိုင်မည်ဖြစ်သည်။ အကယ်၍ ဝယ်ယူသူသည် ပိုင်ရှင်ထံမှ SP လက်မှတ်မရှိလျှင် ထပ်ဆင့်ရောင်းဝယ် ငှားရမ်းမှုများ ပြုလုပ်၍မရပေ။

SP ကို မြေသီးသန့်အရောင်းအဝယ် ပြုလုပ်ခြင်းအတွက်သာ ပေးခြင်းဖြစ်သည်။

SP ကို မူလအမည်ပေါက်ပိုင်ရှင် တစ်ဦးတည်းကသာ ပေးပိုင်ခွင့်ရှိပါသည်။

SP ကို ယခင်က ခွင့်ပြုသက်တမ်း (၁)နှစ်ပေးခဲ့ပြီး ယခုအခါ နှစ်အကန့်အသတ်မရှိ ပေးလိုက်ပါသည်။

သို့သော် မူလပိုင်ရှင် အမည်ပေါက်ဖြစ်သူ သေဆုံးခြင်း၊ အခြားနိုင်ငံသားအဖြစ် ခံယူခြင်း၊ တရားဥပဒေအရ

အကျဉ်းထောင်အတွင်း အပြစ်ပေးခံရခြင်းများ ဖြစ်ပေါ်လာပါက SP သက်တမ်းမှာ အလိုအလျှောက်

ပျက်ပြယ်သွားမည်ဖြစ်သည်။ ထိုအချိန်မျိုးတွင် SP ကို အသုံးပြုခွင့် မရရှိတော့ပေ။

တစ်စုံတစ်ယောက်ကိုယ်စား ၊သူကိုယ်တိုင်လုပ်ရမဲ့ကိစ္စရပ်များအပေါ်မှာ ၊သူ့ကိုယ်စား၊သူကိုယ်တိုင်ဆောင်ရွက်လုပ်ကိုင်ဘိသကဲ့သို့ဆောင်ရွက်လုပ်ကိုင်နိူင်ရန်အတွက် ၊သက်ဆိုင်ရာရုံးတွေမှာ သူကိုယ်တိုင်ဆောင်ရွက်လုပ်ကိုင်ဘိသကဲ့သို့ လက်မှတ်ရေးထိုးလုပ်ကိုင်ဆောင်ရွက်နိူင်စေရန်အတွက် အထွေထွေကိုယ်စားလှယ်လွှဲစာ (G.P) လွှဲအပ်ရယူကြပါတယ်။

အိမ်ခြံမြေအရောင်းအဝယ်ကိစ္စရပ်တွေမှာလည်း ချက်ချင်း မှတ်ပုံတင် အရောင်းအဝယ်စာချုပ်ချုပ်၊အခွန်ဆောင်ကိစ္စရပ်များမလုပ်ကိုင်နိူင်သေးသည့်အခြေအနေတွင် ၊အဆင်ပြေသည့်အချိန်တွင် လုပ်ကိုင်ဆောင်ရွက်နိူင်ရန်အတွက် အထွေထွေကိုယ်စားလှယ်လွှဲစာ (G.P)လွှဲအပ်ရယူကြပါတယ်။

Appointing a special power of attorney means legally authorizing another person, an agent, to act on behalf of the person who made the appointment, the principal.

A general power of attorney is broader, giving the agent the legal right to make all personal and business decisions on behalf of the principal.

Credit : Myanmar Property News

Myanmar Real Estate Exchange

Interested in publishing your property on our website?

Click to list your property