အိမ်ခြံမြေ ဝယ်မှာလား ရောင်းမှာလား ဒါတွေသိထားပါ

အိမ်ခြံမြေ အရောင်းအဝယ် ပြုလုပ်မယ်ဆိုရင် ရောင်းသူရော၊ ဝယ်သူပါ သေချာတိကျအောင် ဘာတွေလုပ်ဆောင်သင့်သလဲဆိုတာ အကျိုးဆောင် ရှေ့နေတချို့ကိုမေးမြန်းထားပါတယ်။

 ဝယ်သူ

- စာရွက်စာတမ်းပြည့်စုံ မပြည့်စုံ စစ်ဆေးပါ။

- အမည်ပေါက်မဟုတ်ရင် ပိုပြီးသေချာ စီစစ်ပါ။

- မိတ္တူမှန်၊ ဂရန်မိတ္တူဘက်ခြမ်းတို့ဆိုရင် ဌာနတွေမှာ သေချာစစ်ဆေးပါ။

- အမည်ပေါက်ရှိရင် တိုက်ရိုက်ချုပ်ဆိုခွင့်ရအောင် တောင်းဆိုကြည့်ပါ။

- မိသားစုဝင်တွေ အားလုံးသိရှိကြောင်းကို စာချုပ်ထဲမှာ ထည့်သွင်းချုပ်ဆိုပါ။

- စာရွတ်စာတမ်းအားလုံး သေချာရင် ကိုယ့်အမည်ပေါက်အဖြစ်မရမချင်း၊ လုပ်ငန်းစဉ် မပြီးမချင်း ရောင်းသူက တာဝန်ယူလိုက်ပါ လုပ်ဆောင်ပေးဖို့၊

- အရှုပ်အရှင်းဖြစ်လာရင် တာဝန်ယူဖြေရှင်းပေးဖို့ကို စာချုပ်မှာ ထည့်သွင်းချုပ်ဆို သင့်ပါတယ်။

 

 ရောင်းသူ

- အရောင်းအဝယ်အေးနေတဲ့ စျေးကွက်အခြေအနေမှာ အရောင်းအဝယ် မြန်မြန်ဖြစ်ဖို့ဆိုရင် ရောင်းမယ့်အိမ်ရဲ့ ပိုင်ဆိုင်မှုစာရွက်စာတမ်း ပြည့်စုံနေဖို့ လိုအပ်ပါတယ်။

- မပြည့်စုံရင် ကိုယ့်ဘက်က အဆင်ပြေအောင် ညှိုနှိုင်းပေးရပါမယ်။

- ခေါ်စျေးနဲ့ရောင်းမယ်ဆိုရင် ဝယ်သူနည်းနေတာကြောင့် ဝယ်သူရှိရင် ညှိုနှိုင်းစျေးနဲ့ ရောင်းမှသာ အရောင်းအဝယ် ဖြစ်နိုင်မှာပါ။

-ကိုယ်က မြေကို ခွဲခြမ်းပြီး ရောင်းမယ်ဆိုရင် ကိုယ်တိုင်က နားမလည်ရင် တတ်ကျွမ်းသူနဲ့ တိုင်ပင်ဆွေးနွေးသင့်တယ်။

- တချို့က မူရင်းပိုင်ရှင်ကနေ အမည်ပေါက် မပြောင်းထားတဲ့အတွက် မူရင်းပိုင်ရှင်နဲ့ ဝယ်သူကပေါင်းပြီး စာချုပ်ချုပ်ဆို သွားနိုင်တာကြောင့်ပါ။

Myanmar Real Estate Exchange

Interested in publishing your property on our website?

Click to list your property