
အရောင်းအဝယ် ဖြစ်တဲ့အခါ ပထစဆုံးချုပ်ဆိုတဲ့ စရန်စာချုပ်မှာ ရောင်းသူ၊ ဝယ်သူကြား မှားလေ့မှားထရှိတဲ့ အချက်က ရောင်းသူဘက်က ပေးလျော်ရမယ့် စရန်ငွေ၏ နှစ်ဆဆိုတဲ့ အချက်ကို ရှင်းလင်းအောင် ရေးသားသင့်တယ်လို. သိရပါတယ်။
အများစုကတော့ အလွယ်တကူ စာချုပ်ထဲမှာ ရောင်းသူဘက်က ပျက်ကွက်ရင် စရန်ငွေ၏ နှစ်ဆကိို ပေးလျော်ရမယ်၊ ဝယ်သူဘက်က ပျက်ကွက်ရင် စရန်ငွေ အဆုံးဆိုပြီး ရေးသားကြပါတယ်။ ရောင်းသူဘက်က ပေးလျော်ရမယ့် စရန်ငွေ၏ နှစ်ဆဆိုတဲ့ အသုံးအနှုန်းက စရန်ငွေ၏ နှစ်ဆကိုလား၊ စရန်ငွေ၏ အပါအဝင် နှစ်ဆဆိုတဲ့ သဘောတရားကို အငြင်းပွားမှုဖြစ်စေတတ်တာမျိုးရှိပါတယ်။
ဥပမာ အရောင်းအဝယ်တစ်ခုကို စရန်ငွေကျပ် ငါးသိန်း ချထားတယ်။ ပွဲပျက်သွားတော့ ဝယ်သူက စရန်ငွေ၏နှစ်ဆကို တောင်းတယ်။ ရောင်းသူက ကျပ်ဆယ်သိန်းပေးတယ်။ ဒါပေမဲ့ ဝယ်သူက မဟုတ်ဘူး။ ဆယ့်ငါးသိန်းပေးရမယ် ပြောတယ်။ စရန်ငွေ၏ နှစ်ဆချင်း တူပေမဲ့ သတ်မှတ်ယူဆထားမှုတွေ ကွဲလွဲမှု ဖြစ်ကြတာပါ။ ဒါတွေက သတိပြုစရာ အချက်ဖြစ်ပါတယ်။
စာချုပ် စတင်ချုပ်ဆိုကတည်းက ရှင်းလင်းလွယ်ကူအောင် တစ်ခါတည်း အတိအကျ ထည့်သွင်းချုပ်ဆိုသင့်တယ်လို.သိရတယ်။ အပေါ်က ဥပမာလို အဖြစ်မျိုးဆိုရင် စကားအသုံးအနှုန်းချင်းတူပေမဲ့ မှားလေ့မှားထရှိကြတဲ့ အဖြစ်ပျက်တွေလို. အကျိုးဆောင်တချို.နဲ. ရှေ.နေတချို.ထံက သိရတယ်။
စာချုပ်ထဲမှာ အရောင်းအဝယ်ကို ရောင်းသူဘက်က ပျက်ကွက်ရင် ရယူထားတဲ့ စရန်ငွေရဲ. နှစ်ဆဖြစ်တဲ့ ငွေကျပ် ဘယ်လောက် အပါအဝင် စုစုပေါင်းငွေကျပ် ဘယ်လောက်ကိုပါ ပေးလျော် ရမယ်ဆိုတဲ့ အချက်ကို အတိအကျ ရေးသားတာ အကောင်းဆုံးပဲလို.ဆိုပါတယ်။
Ref : The Modern