
မရွှေ့မပြောင်းနိုင်တဲ့ အိမ်ခြံမြေကို ဝယ်ရင် သိသင့်တဲ့အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။
(၁) စာချုပ်ချုပ်ရမယ်
(၂) ဝယ်ယူတဲ့ တန်ဖိုးအလျောက် တံဆိပ်ခေါင်း ထမ်းဆောင်ရမယ်
(၃) စာချုပ်မှာ ရောင်းသူနဲ့ ဝယ်သူတို့ လက်မှတ်ထိုးရမယ်
(၄) သက်သေနှစ်ယောက် လက်မှတ်ရေးထိုးရမယ်
(၅) စာချုပ်ကို စာချုပ်စာတမ်းမှတ်ပုံ တင်ရုံးမှာ မှတ်ပုံတင်ကြေး ပေးဆောင်ပြီး မှတ်ပုံတင်ရပါမယ်။
ဒါမှ အပြည့်အဝ တရားဝင်၊ ဥပဒေနဲ့ အညီ ဝယ်ယူခြင်းကြောင်း ပစ္စည်းလွှဲ ပြောင်းခြင်းအက် ဥပဒေ၊ စာချုပ်စာတမ်း မှတ်ပုံတင် အက်ဥပဒေ၊ အခွန်တော်ခေါင်း အက်ဥပဒေ၊ ပဋိညာဉ် အက်ဥပဒေ တွေမှာ ပြဌာန်းထားပါတယ်။
မှတ်ပုံတင်စာချုပ်နဲ့ ဝယ်ယူပြီးရင်တော့ ပြန်ရတဲ့ မှတ်ပုံတင်စာချုပ်နဲ့ သက်ဆိုင်ရာ မြေစာရင်း၊ မြို့တော်စည်ပင် ဌာနမှာ အိမ်ဝယ်ယူတဲ့ မြေအမျိုးအစားအလျောက် အမည်ပြောင်း၊ ဂရန်အမည်ပေါက် ဖောက်ပေးဖို့ ဆက်လက်လုပ်ဆောင် ရမှာပါ။
ဘိုးဘွားပိုင်မြေဆိုရင် ကိုယ့်နာမည်နဲ့ ဂရန်မြေဆိုရင် မိမိအမည်ပေါက် ဂရန်စာချုပ်နဲ့အတူ မြေစာရင်းပုံစံ (၁၀၅) မြေပုံ၊ မြေစာရင်းပုံစံ (၁၀၆) မြေရာဇဝင်ပုံစံ ထွက်လာပါမယ်။ ဒါဆိုရင် မိမိက ဝယ်ယူတဲ့ အိမ်ခြံမြေရဲ့ ပိုင်ရေးဆိုင်ခွင့်ကို သက်သေခံ စာချုပ်စာတမ်းတွေနဲ့အတူ ပိုင်ဆိုင်တယ်လို့ မှတ်ရပါမယ်။
အပြည့်အဝ တရားဝင် ဥပဒေနဲ့အညီ ဝယ်ယူခြင်းဟာ အပြည့်အဝ တရားဝင် ပိုင်ဆိုင်ခွင့် ရရှိစေပါတယ်။ ကိုယ်က တခြားသူကို လွှဲပြောင်းရောင်းချလို့ ရပါတယ်။ နောက်ဝယ်တဲ့သူကလည်း တရားဝင် ပိုင်ဆိုင်ခွင့် ရရှိမှာ ဖြစ်ပါတယ်။
Ref : The Kumudra