ရန်ကုန်မိုးပျံအမြန်လမ်း Yangon Inner Road နှင့် ရန်ကုန်မြို့ပြင်ပတ်လမ်း Yangon Outer Ring Road စီမံကိန်းများကို မဟာဗျူဟာမြောက်လုပ်ငန်းများအဖြစ် စီမံကိန်းဘဏ်Project Bank တွင်ထည့်သွင်းအကောင်အထည

ရန်ကုန်မိုးပျံအမြန်လမ်း Yangon Inner Road နှင့် ရန်ကုန်မြို့ပြင်ပတ်လမ်း Yangon Outer Ring Road စီမံကိန်းများကို မဟာဗျူဟာမြောက်လုပ်ငန်းများအဖြစ် စီမံကိန်းဘဏ်Project Bank တွင်ထည့်သွင်းအကောင်အထည


ရန်ကုန်မိုးပျံအမြန်လမ်း Yangon Inner Road နှင့် ရန်ကုန်မြို့ပြင်ပတ်လမ်း Yangon Outer Ring Road စီမံကိန်းများကို မဟာဗျူဟာမြောက်လုပ်ငန်းများအဖြစ် စီမံကိန်းဘဏ်Project Bank တွင်ထည့်သွင်းအကောင်အထည်ဖော်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာနမှဆောင်ရွက်မည့် ရေတို/ရေရှည်စီမံကိန်းနှင့် လျာထားချက်များတွင် အဆိုပါစီမံကိန်းကို Project Bank တွင် ထည့်သွင်းကာမဟာဗျူဟာမြောက်ဆောင်ရွက်မည့် လုပ်ငန်းအဖြစ် လျာထားခြင်းဖြစ်သည်။

ရန်ကုန်မိုးပျံအမြန်လမ်းနှင့် ရန်ကုန်မြို့တော် အပြင်ပတ်လမ်းစီမံကိန်းအတွက် လုပ်ကိုင်ခွင့်ရကုမ္ပဏီကို လာမည့်အောက်တိုဘာတွင် ထုတ်ပြန်မည်ဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်တွင် စီမံကိန်းစတင်ဆောင်ရွက်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကြည်ဇော်မြင့်ကပြောကြားထားသည်။

“ဒီစီမံကိန်းအတွက် လုပ်ကိုင်ခွင့်ရရှိသူကို အောက်တိုဘာမှာ ထုတ်ပြန်မှာဖြစ်ပါတယ်။ ကျွန်တော်တို့က One on One Meeting တွေ ကုမ္ပဏီနဲ့တွေ့ပြီးလုပ်တဲ့အခါ တချို့ဟာတွေမှာTerms andCondition တွေ ညှိရသေးတယ်။ နောက်ပြီး ကျွန်တော်တို့ဒီဘက်က ဆောင်ရွက်ချက်တွေမှာ သူတို့က အချိန်လေးပေးပါပေါ့နော်၊ စက်တင်ဘာလကုန်မှာ သူတို့ကို Project Proposalတင်ခိုင်းမှာဖြစ်ပြီးတော့ အောက်တိုဘာမှာ ထုတ်ပြန်ပေးမှာဖြစ်ပါတယ်။ ဒီစီမံကိန်းကို ၂၀၂၀ မှာ စတင်တော့မှာဖြစ်ပါတယ်” ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးကြည်ဇော်မြင့်က ပြောကြားသည်။

ရန်ကုန်မြို့၏ ယာဉ်ကြောပိတ်ဆို့မှု လျှော့ချနိုင်ရန်အတွက် အဓိကရည်ရွယ်၍ တည်ဆောက်မည်ဖြစ်သော ရန်ကုန်မိုးပျံအမြန်လမ်းစီမံကိန်းကို ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့်ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့တို့ပူးပေါင်း၍ အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်သည်။

အဆိုပါစီမံကိန်းကို Public Private Partnership (PPP) ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပြီး စုစုပေါင်း အရှည်မှာ ၄၇ ဒသမ ၅ ကီလိုမီတာဖြစ်သည်။ Phase 1 အဖြစ်အရှေ့ဘက်ခြမ်း လေးလမ်းသွားလမ်းမကြီး ၁၉ ကီလိုမီတာ၊ အရှေ့နှင့် အနောက်ချိတ်ဆက်ထားသော လေးလမ်းသွား ခြောက်ကီလိုမီတာ၊ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ဆက်သွယ်ထားသော နှစ်လမ်းသွား ၂ ဒသမ ၅ ကီလိုမီတာဖြင့် စုစုပေါင်း ၂၇ ဒသမ ၅ ကီလိုမီတာရှိကြောင်း သိရသည်။

ရန်ကုန်မိုးပျံအမြန်လမ်းနှင့် ရန်ကုန်မြို့တော်အပြင် ပတ်လမ်းစီမံကိန်းနှင့်အတူပင် လယ်ကူးသင်္ဘောဆိပ်ကမ်းများ၊ Dry Ports အခြေပြုမြို့သစ်များနှင့် နိုင်ငံ၏ စီးပွားရေး စြင်္ကံလမ်းမကြီးတစ်ခုပေါ်ထွက်လာစေရန် ရည်ရွယ်ထားကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။

ရန်ကုန်မိုးပျံအမြန်လမ်းမကြီးသည် ရန်ကုန်မြို့တွင်း၊ ရန်ကုန်ဆိပ်ကမ်း၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ မင်္ဂလာဒုံ စက်မှုဇုန်နှင့် ရန်ကုန်-မန္တလေးအမြန်လမ်းများသို့ ပိုမိုလွယ်ကူစွာသွားလာနိုင်ရန် မျှော်မှန်းထားသည်။

အဆိုပါစီမံကိန်းကို ၂၀၂၀ ပြည့်နှစ် ဇူလိုင်လတွင် စတင်တည်ဆောက်ရန် ရည်မှန်းထားပြီး သုံးနှစ်အတွင်း ပြီးစီးနိုင်မည်ဟု ခန့်မှန်းထားကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက သိရသည်။

 

Credit : Eleven


 

Myanmar Real Estate Exchange

Interested in publishing your property on our website?

Click to list your property