ရန်ကုန်တိုင်းအစိုးရက ရောင်းချမည့် မြေကွက်များအတွက် Infrastructure တည်ဆောက်ခများ မြေကွက်ဝယ်ယူသူများ ထပ်မံပေးဆောင်ရမည်

ရန်ကုန်တိုင်းအစိုးရက ရောင်းချမည့် မြေကွက်များအတွက် Infrastructure တည်ဆောက်ခများ မြေကွက်ဝယ်ယူသူများ ထပ်မံပေးဆောင်ရမည်


ရန်ကုန်တိုင်းဒေသကြီးအစိုးရက ရောင်းချပေးမည့် မြေကွက် ၅ဝဝ ပထမဆုံးအသုတ်အဖြစ်ရောင်းချပေးမည့် မြေကွက်များအတွက် လိုအပ်သည့် Infrastructureများတည်ဆောက်ရန်မြေကွက်ဝယ်ယူသူများက ထပ်မံပေးဆောင်ရမည်ဖြစ်သည်။

ဒဂုံမြို့သစ်အရှေ့ပိုင်း၊ ဒဂုံမြို့သစ်တောင်ပိုင်း၊ ဒဂုံမြို့သစ်တောင်ပိုင်း၊ ဒဂုံမြို့သစ်ဆိပ်ကမ်း စသော ဒဂုံလေးမြို့နယ်၊ လှိုင်သာယာနှင့် ရွှေပြည်သာမြို့နယ်တို့ရှိ မြေကွက်များ၊ မှော်ဘီမြောင်းတကာ သံမဏိစက်ရုံမြေကွက်များ ကို ရန်ကုန်တိုင်းဒေသကြီးအစိုးက ရောင်းချမည်ဖြစ်သည်။

“ လမ်းမရှိတာ၊မီးမရှိတာတော့မဟုတ်ဘူး။တစ်ချို့မြေနေရာမှာပါတဲ့ မြေကွက်တွေအတွက်ဆိုရင် လမ်းတွေက ကွန်ကရစ်လမ်းတွေရှိပြီးသား ၉၅ရာခိုင်နှုန်းလောက်လမ်းတွေပါတယ်။မီးတိုင်တွေလည်း ရှိပြီးသားပါ။သို့သော် လိုအပ်တဲ့ သောက်သုံးရေအတွက် ရေပိုက်လိုင်းဆက်သွယ်တာတို့ လျှပ်စစ်မီးရအောင်ဆောင်ရွက်တာနဲ့ အခြား Infrastructureတည်ဆောက်ရေးလုပ်ငန်းတွေအတွက် မြေကွက်ပိုင်ရှင်တွေက ထပ်ပြီးပေးဆောင် ရမယ်။လက်ရှိတော့ ကျွန်တော်တို့အနေနဲ့ Infrastructureတည်ဆောက်ဖို့အတွက် ကုမ္ပဏီတွေကို EOIခေါ်မယ်။အဲ့ထဲကမှအကောင်းဆုံးဖြစ်မယ့် ကုပ္မဏီကိုရွေးပြီး လုပ်ကိုင်ခွင့်ပြုသွားမယ် ”ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ တွဲဖက် အထွေထွေအတွင်းရေးမှူးဦးသန်းကပြောသည်။လက်ရှိတွင် မြေကွက်ဝယ်ယူရန် လျှောက်လွှာဝယ်ယူသူဦးရေ ခုနှစ်ထောင်ကျော်ရှိပြီး နိုဝင်ဘာ ၈ ရက်အထိ လျှောက်လွှာများကိုလက်ခံသွားမည်ဖြစ်သည်။ပထမအသုတ်တွင် မြေကွက်မရရှိသူများကို ရန်ကုန်တိုင်း ဒေသကြီးအစိုးရက ဆက်လက်ရောင်းချမည့် ဒုတိယအသုတ်၊တတိယအသုတ်များတွင် ဦးစားပေးသွား မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

ရန်ကုန်တိုင်းအစိုးရက ရောင်းချမည့် မြေကွက်များအတွက် ရန်ကုန်တိုင်းဒေသကြီး မြေယာစီမံခန့်ခွဲ မှုကော်မတီက ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်အရ မြို့နယ်များအလိုက်သတ်မှတ်ထားသည့်စျေးနှုန်းများ အတိုင်းရောင်း ချမည်ဖြစ်သည်။

တိုင်းအစိုးရက ၎င်းတို့စီမံ ခန့်ခွဲခွင့်ရှိသည့် မြေများကို စီးပွား ရေး၊ စက်မှုလုပ်ငန်းလုပ်ကိုင်ရန် ဖြစ်စေ၊ လူနေထိုင်ရန်ဖြစ်စေ လျှောက်ထားနိုင်သည်ဟု ကြေ ညာထားသည်။ လျှောက်ထားရာတွင်မည်သူမဆို မှတ်ပုံတင်မူရင်း၊မိတ္တူတင်ပြ၍ လျှောက်လွှာပုံစံ များကို ရန်ကုန်အရှေ့ပိုင်းခရိုင်အ ထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနစု ပေါင်းရုံးတွင် အောက်တိုဘာ ၇ ရက်မှ နိုဝင်ဘာ ၇ ရက်အထိဝယ် ယူနိုင်သည်ဟု ကြေညာထား သည်။

လိုက်နာရမည့် အချက် ၁၃ ချက်တွင် ထိုမြေကွက်များ၌ ဆောင်ရွက်လိုသည့် လုပ်ငန်းများ ဖော်ပြရမည်။ အသုံးပြုလျှောက် ထားရန် ငွေကြေးအထောက်အထားတင်ပြရမည်။ မြေကွက်တွင်ဆောက်လုပ်မည့်အစီအစဉ်နှင့်ငွေကြေးလည်းတင်ပြရမည်။ သုံးနှစ်အတွင်း အမည်ပြောင်းလဲခွင့် မရှိဟူသော အချက်များပါဝင်သည်။

Credit :Myanmar Builders Guide

Myanmar Real Estate Exchange

Interested in publishing your property on our website?

Click to list your property