တန်ဖိုးမျှတအိမ်ယာစီမံကိန်း၂ ပြီးစီးတော့မည်ဖြစ်၍ လျှောက်ထားသူများ ကျသင့်ငွေများ အမြန်ဆုံး ပေးသွင်းကြရန်ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ အသိပေး

တန်ဖိုးမျှတအိမ်ယာစီမံကိန်း၂ ပြီးစီးတော့မည်ဖြစ်၍ လျှောက်ထားသူများ ကျသင့်ငွေများ အမြန်ဆုံး ပေးသွင်းကြရန်ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ အသိပေး


ရန်ကုန်မြို့ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် အမှတ် (၄၈)ရပ်ကွက် ဗိုလ်မှူးဗထူးလမ်းနှင့် ဘုရင့်နောင်လမ်းထောင့် ဗိုလ်မှူးဗထူးတန်ဖိုးမျှအိမ်ယာစီမံကိန်း ၁ နှင့်ကပ်လျက်တွင်တည်ဆောက်နေသော တန်ဖိုးမျှအိမ်ယာစီမံကိန်း၂ မှာတတိယမြောက်အလွှာထိပြီးစီနေပြီဖြစ်ပြီး အိမ်ရာဝယ်ယူရန်လောက်ထားသူများအနေဖြင့် ကျသင့်ငွေ များအမြန်ဆုံး လာရောက်ပေးသွင်းရန် အသိပေးကြေငြာထားသည်။


အဆိုပါတိုက်ခန်းများကို ၂၀၁၈ခုနှစ်ဒီဇင်ဘာလတွင်ပြီးစီးမည်ဟုကြေညာထားခဲ့သော်လည်း တိုက်ခန်းမဲနှိုက်ရာတွင် မဲပေါက်သူများက ၅၀% ကသာ ပထမအရစ်ပေးသွင်းနိုင်ခဲ့ပြီးကျန်၅၀%မှာပေးသွင်းနိုင်ခြင်းမရှိခဲ့ခြင်းကြောင့် သတ်မှတ်ချိန်တွင် ပြီးစီးခဲ့ခြင်းမရှိပေ။


ကျန်ငွေမပေးသွင်းနိုင်သောဝယ်သူများကိုဝယ်ယူခွင့်ဖျက်သိမ်းပြီး အခြားဝယ်ယူမည့်သူများအားနိုင်ငံပိုင် သတင်းစာများတွင်လွတ်လပ်စွာဝယ်ယူနိုင်ကြောင်းကြေညာရောင်းချခဲ့သည်။


ဗိုလ်မှူးဗထူးတန်ဖိုးမျှတစီမံကိန်းမှာ၂၀၁၈ခုနှစ်ဒီဇင်ဘာလတွင်ပြီးဆုံးရမည်ဖြစ်သော်လည်း တန်ဖိုးမျှတအိမ်ယာစီမံကိန်းရှိU-600တိုက်ခန်းများကို ၂၀၁၉ခုနှစ်နိုဝင်ဘာလကုန်တွင်ဝယ်သူလက်ထဲအပ်နှံနိုင်မည်ဖြစ်ပြီးU-900တိုက်ခန်းများကို၂၀၂၀ခုနှစ်ဇူလိုင်လကုန်တွင်အပ်နှံနိုင်မည်ဟုရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ထုတ်ပြန်ထားသည်။


U-600အမျိူးအစားတွင် Type-A ၆၁၄စတုရန်းပေ (၂၄၀)ခန်းရှိပြီး တစ်ခန်းလျှင်-ကျပ်၂၈၅သိန်း Type-B ၅၆၅စတုရန်းပေ(၁၆)ခန်းရှိပြီး တစ်ခန်းလျှင်-၂၆၇သိန်း U-900အမျိူးအစားတွင်Type-A ၉၂၇စတုရန်းပေ (၅၇၀)ခန်းရှိပြီး တစ်ခန်းလျှင်-ကျပ်၃၇၇သိန်း Type-B ၈၇၇စတုရန်းပေ(၃၈)ခန်းရှိပြီး တစ်ခန်းလျှင်-၃၅၉သိန်းတို့ဖြစ်သည်။


U-600တိုက်ခန်းဝယ်ယူခွင့်ရရှိသူများအနေနဲ့ ပဉ္စမအရစ်အထိကျသင့်ငွေပေးသွင်းပါရန် နှင့် U-900 တိုက်ခန်းဝယ်ယူခွင့်ရရှိသူများအနေနဲ့ဒုတိယအရစ်အထိကျသင့်ငွေများလာသွင်းပေးရန်ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီမှနှိုးဆော်အကြောင်းကြားထားသည်။


Credit: Myanmar Builder Guide

Myanmar Real Estate Exchange

Interested in publishing your property on our website?

Click to list your property