အိမ်ရာစီမံကိန်းအတွင်းပါဝင်သည့် မူလမြေပိုင်ရှင်များကို လျော်ကြေးငွေပေးမည်

အိမ်ရာစီမံကိန်းအတွင်းပါဝင်သည့် မူလမြေပိုင်ရှင်များကို လျော်ကြေးငွေပေးမည်


ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ်(၁၉) ရပ်ကွက်၌ အကောင်အထည်ဖော်တည်ဆောက်မည့် အိမ်ရာစီမံကိန်း ဧရိယာအတွင်းပါဝင်သည့် မူလမြေပိုင်ရှင်များကို လျော်ကြေးငွေပေးမည်ဖြစ်ကြောင်း ရွှေပြည်သာမြို့နယ် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးသိန်းဇံ၏ ပြောဆိုချက်အရ သိရသည်။

 လက်ရှိတွင် ရွှေပြည်သာမြို့နယ်(၁၉) ရပ်ကွက် မြေတိုင်းအမှတ် (၄၈) ကံ့ကော်လမ်း နှင့် မြတ်လေးလမ်းဆုံ၌ ငွေကျပ် သိန်း ၃၀ တန် နေအိမ်များ ဆောက်လုပ်ရန် ခြံစည်ရိုးကာရံခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်နေပြီဖြစ်ရာ ယင်းစီမံကိန်း အတွင်း လယ်သမားတချို့က ၎င်းတို့၏ လယ်မြေများပါရှိနေခြင်းကြောင့် ၎င်းတို့အနေဖြင့် ကျူးကျော်များအတွက် အကောင်အထည်ဖော်နေမှုများကိုလည်း အနှောင့်အယှက်မဖြစ်သလိုသဖြင့် ထည့်သွင်းစဉ်းစားဆောင်ရွက်ပေးစေလိုကြောင်း ရွှေပြည်သာမြို့နယ် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ နှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်။

ထို့ကြောင့် ထပ်မံဆောက်လုပ်မည့် ဒုတိယအကြိမ် အိမ်ရာစီမံကိန်းတွင် ၎င်းတို့အတွက် ငွေကျပ် သိန်း ၃၀ တန် အိမ်ခန်း ဝယ်ယူနိုင်ရေးကို ထည့်သွင်းဆောင်ရွက်ပေးမည် ဖြစ်ပြီး မူလမြေပိုင်ရှင်များကို လျော်ကြေးငွေပေးခြင်းများ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရှိရသည်။

 ရွှေပြည်သာမြို့နယ်၌ စမတ်ကတ်ကိုင်ဆောင်ထားသည့် ကျူးကျော်နေထိုင်သူ ၁၂၀၀၀ ခန့်ရှိပြီး စမတ်ကတ် ကိုင်ဆောင်ခြင်း မရှိသည့် ကျူးကျော်နေထိုင်သူများစွာလည်းရှိသည်။ ယင်းတို့ ကျူးကျော်များ နှင့် အိမ်ငှားနေထိုင်သူများထဲမှ ငွေကျပ်သိန်း ၃၀ တန် အိမ်ခန်းဝယ်ယူလိုသူများကို စာရင်းကောက်ယူကာ ချေးငွေရရှိရေး ဆောင်ရွက်ပေးပြီး အိမ်ခန်း ၂၆၄ ခန်းကို ပထမအကြိမ် စီမံကိန်းတွင် ထည့်သွင်းဆောက်လုပ်ပေးထားကြောင်း ၊ ယင်းသို့နစ်နာသူများ နှင့် စမတ်ကတ်ကိုင်ဆောင်ထားသော်လည်း စီမံကိန်း ဧရိယာအတွင်း မှ ဖယ်ပေးထားရသူများကိုလည်း ဒုတိယအကြိမ် စီမံကိန်းတွင် ထည့်သွင်းဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သိရသည်။

 

Source : Myawady Journal


Myanmar Real Estate Exchange

Interested in publishing your property on our website?

Click to list your property