ရိုးမစင်ထရယ်စုပေါင်းအိမ်ရာစီမံကိန်းတွင် Westin Yangon ဟိုတယ်စီမံကိန်းကို ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းတွင် အပြီးသတ်တည်ဆောက်သွားမည်

ရိုးမစင်ထရယ်စုပေါင်းအိမ်ရာစီမံကိန်းတွင် Westin Yangon ဟိုတယ်စီမံကိန်းကို ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းတွင် အပြီးသတ်တည်ဆောက်သွားမည်


Yoma Land က တည်ဆောက်နေတဲ့ အိမ်ရာစီမံကိန်းတွေထဲက ဘက်စုံသုံးစီမံကိန်းတစ်ခုဖြစ်တဲ့ ရိုးမစင်ထရယ်စုပေါင်းအိမ်ရာ စီမံကိန်းထဲမှာ ထိပ်တန်းဟိုတယ်အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ Westin Yangon (Marriott International) ကို အပြီးသတ် ထည့်သွင်း တည်ဆောက်သွားမယ်လို့ သိရပါတယ်။

Westin Yangon ဟိုတယ်စီမံကိန်းနှင့်ပတ်သက်၍
“စီမံကိန်းကတော့ အခုစပြီး လုပ်နေပြီ။ စီမံကိန်းစတာကို မြင်လည်း မြင်ရနေပါပြီ။ ရိုးမစင်ထရယ်ကြီး တည်ဆောက်လို့ ပြီးစီးမယ့် လာမယ့် (၂၀၂၁)ခုနှစ်မှာပဲ ဖွင့်နိုင်ဖို့ ကြိုးစားနေပါတယ်” လို့ Yoma Land ရဲ့ Head of Real Estate ဖြစ်သူ Mr. Stephen Purvis က ပြောပါတယ်။

ရိုးမစင်ထရယ်မှာ Westin Yangon ထည့်သွင်းတည်ဆောက်ဖို့ Yoma Land နဲ့ Westin Yangon (Marriott International) တို့ရဲ့ နှစ်ဦးသဘောတူ လက်မှတ်ရေးထိုးခြင်းအခမ်းအနားကို အောက်တိုဘာလ (၂၄)ရက်က ရန်ကုန်မြို့က ဆူးလေရှန်ဂရီလာ ဟိုတယ်မှာ ပြုလုပ်ခဲ့ပါတယ်။

 အဆိုပါ ဟိုတယ်စီမံကိန်းကို ရိုးမစင်ထရယ်အိမ်ရာစီမံကိန်းဧရိယာ စတုရန်းပေ ၂ ဒသမ ၄ သန်းပေါ်မှာ Westin Yangon အတွက် စုစုပေါင်းခန့်မှန်းကြမ်းခင်း ဧရိယာ (၂)သိန်းခွဲပေါ်မှာ နေရာယူ တည်ဆောက်သွားမှာဖြစ်တယ်လို့ သိရှိရပါတယ်။

ရိုးမစင်ထရယ်ရဲ့ ဧရိယာထဲမှာ ထည့်သွင်းတည်ဆောက်မယ့် Westin Yangon မှာ ဟိုတယ်ခန်းနဲ့ Suites အခန်းပေါင်း (၂၈၁)ခန်းနဲ့ ဝန်ဆောင်မှုအပြည့်ပါ ငှားရမ်းနိုင်တဲ့ လူနေအိမ်ခန်းပေါင်း (၉၀) ပါရှိမှာဖြစ်ပြီးရန်ကုန်မြို့လယ်ရှုခင်းနှင့်မြန်မာနိုင်ငံရဲ့အထင်ကရ ရွှေတိဂုံဘုရားကိုမြင်တွေ့နိုင်မှာဖြစ်ကြောင်းသိရှိရပါသည်

ထို့အပြင်အဆိုပါဟိုတယ်သည်အထပ်ပေါင်း၂၆ထပ်ပါရှိမည်ဖြစ်ကာ နာမည်ကျော်ဗိသုကာပညာရှင် Cecil Balmond OBD ကဒီဇိုင်းရေးဆွဲထားခြင်းဖြစ်ပါသည်

Westin Yangon(Marriott International) Asia Pacific ရဲ့ Chief Development Officer ဖြစ်သူ Paul Foskey က “မြန်မာ နိုင်ငံမှာ အကောင်းဆုံးဟိုတယ်ဖြစ်အောင်လုပ်ဖို့ မျှော်လင့်ထားပါတယ်။ ဒီဟာကလည်း Yoma Land နဲ့ မိတ်ဖက်ပူးပေါင်းပြီး လုပ်တဲ့အခါကျတော့ ကောင်းရင် ကောင်းသလို အများကြီး တိုးချဲ့ဖွင့်သွားဖို့ စီစဉ်ထားပါတယ်” လို့ ပြောပါတယ်။

လက်ရှိမှာ Westin အနေနဲ့ နိုင်ငံပေါင်း (၄၀)မှာ ဟိုတယ်ပေါင်း ၂၂၀ ကျော်ကို တည်ဆောက်ထားပြီး ရန်ကုန်မြို့မှာ တည်ဆောက်မယ့် Westin Yangon ကို ဆူးလေဘုရား၊ ကုန်သည်လမ်းနဲ့ စီးပွားရေးအချက်အချာကျတဲ့ နေရာအနီးမှာ တည်ရှိပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်နဲ့ (၁၈)ကီလိုမီတာခန့်မှာ တည်ရှိတယ်လို့ သိရပါတယ်။

ရိုးမစင်ထရယ်စီမံကိန်းမှာ Grade A တာဝါနှစ်လုံး၊ စီးပွားရေးသုံးဟိုတယ်တစ်ခုနဲ့ လူနေအိမ်ခန်းများ ပါဝင်မည်ဖြစ်ပြီး အဲ့ဒီ အဆောက်အအုံကို ဈေးဝယ်စင်တာနဲ့ ချိတ်ဆက်ပေးထားမယ်လို့ သိရပါတယ်။
ရိုးမစင်ထရယ်စီမံကိန်းကို Yoma Strategic မှ (၄၈)ရာခိုင်နှုန်း၊ First Myanmar Investment(FMI) က (၁၂)ရာခိုင်နှုန်း၊ မစ်ဆူဘီရှီကုမ္ပဏီအုပ်စုက (၃၀)ရာခိုင်နှုန်း၊ International Finance Corporation (IFC)က (၅)ရာခိုင်နှုန်းနဲ့ Asia Development Bank (ADB) က (၅)ရာခိုင်နှုန်းစီ ရှယ်ယာထည့်ဝင်ထားကြတဲ့ Meeyahta Development Limited တို့ ရင်းနှီးမြှုပ်နှံထားတယ်လို့ သိရပါတယ်။

Source : BETV + Daily Eleven



Myanmar Real Estate Exchange

Interested in publishing your property on our website?

Click to list your property