ဆောက်လုပ်ရေးလောကမှ လုပ်ငန်းရှင်တဝက်ကျော်နုတ်ထွက်

ဆောက်လုပ်ရေးလောကမှ လုပ်ငန်းရှင်တဝက်ကျော်နုတ်ထွက်


ဆောက်လုပ်ရေးလုပ်ငန်းအား အဓိကထားလုပ်ကိုင်လာကြသည့် လုပ်ငန်းရှင်များအနက် ထက်ဝက်ကျော်ခန့်သည် နုတ်ထွက်ကာ တခြားစီးပွားရေးလုပ်ငန်းများ ပြောင်းရွှေ့လုပ်ကိုင်လျက်ရှိနေကြ ကြောင်း 

မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းမှ သိရသည်။ 

မြန်မာနိုင်ငံရှိ တိုက်တာအဆောက်အအုံများ အရောင်းအဝယ်မလိုက်ခြင်း၊ အခွန်အကောက်နှုန်းထားများ မြင့်မားနေခြင်းနှင့် မြန်မာ့ဆောက်လုပ်ရေးလုပ်ငန်း လောကအကျဘက်သို့ ရောက်ရှိနေခြင်းတို့ကြောင့် စီးပွားရေးအကျိုးအမြတ်အရ 

ရေရှည်တောင့်ခံနိုင်ခြင်းမရှိသည့် လုပ်ငန်းရှင်အများစုတို့သည် တခြားစီးပွားရေး လုပ်ငန်းများအား ပြောင်းရွှေ့လုပ်ကိုင်မှု များပြားလာနေကြောင်း မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ်မှ  အထွေထွေအတွင်းရေးမှူးချုပ်ဦးမျိုးမြင့်က ပြောသည်။

''ဒီလောကက ထွက်သွားတဲ့သူတွေအများကြီးပဲ။ ကျွန်တော်တို့ကျန်ခဲ့တဲ့ တချို့တဝက်ကတော့ ဒါကို ပရော်ဖက်ရှင်နယ်အဖြစ်လည်း ရပ်တည်နေတယ်။ ကိုယ်ကိုယ်တိုင်ကလည်း အင်ဂျင်နီယာ၊ 

နောက် စီးပွားရေးဆိုလည်း ဒါပဲလုပ်တတ်တယ်။ အဲဒီအတွက် တချို့လုပ်ငန်းတွေကို အရင်းရရင်ကို လုပ်လိုက်တယ်။ တချို့ဟာတွေဆို နည်းနည်းရှုံးလည်း ဝန်ထမ်းကလေးတွေရဲ့ 

လစာရရုံနဲ့ လုပ်လိုက်တာမျိုးတွေရှိတယ်။ အဲဒီလိုမှ မဟုတ်ဘူး။ ဆောက်လုပ်ရေးလောက အခြေအနေကောင်းလို့ဆိုပြီး ဝင်လာတဲ့သူတွေကတော့ ရေရှည်မှာတောင့် ခံနိုင်ဖို့ မလွယ်ဘူး။ အခုလည်း ထွက်သွားတဲ့သူတွေ တော်တော်ကို များနေတယ်'' ဟု ဦးမျိုးမြင့်က ဆက်ပြောသည်။၂ဝ၁၄-၂ဝ၁၅ ခုနှစ်ထိ မြန်မာနိုင်ငံတွင်း ဆောက်လုပ်ရေး

လုပ်ငန်းလုပ်ကိုင်နေသည့် ကုမ္ပဏီလုပ်ငန်းရှင်ပေါင်း ၈ဝဝ ကျော်ထိရှိခဲ့သော်လည်း ယခုနှစ်ပိုင်းတွင် ၃ဝဝ ကျော်လောက်သာ ကျန်ရှိတော့ကြောင်း၊ 

ကုမ္ပဏီအနေဖြင့် တည်ရှိနေသော်လည်း လုပ်ငန်းဆက်လက်လုပ်ကိုင်ခြင်းမရှိတော့သည့်ကုမ္ပဏီအရေအတွက် ၂ဝ ခန့်ထိ ရှိနေကြောင်း ဆောက်လုပ်ရေးလုပ်ငန်းလုပ်ကိုင်နေကြသည့် လုပ်ငန်းရှင်များထံမှ သိရသည်။

''သိန်း ၁ဝဝ နဲ့ ၂ဝဝ ကြား တိုက်ခန်းလေးတွေပဲ အရောင်းအဝယ်ဖြစ်တယ်။ ကျန်တာတွေကတော့ အရောင်းအဝယ်တော်တော်အေးတယ်။ အရောင်းအဝယ်မဖြစ်သလောက်ဘဲ။ အခုအချိန်မှာ အိမ်ခြံ မြေဈေးကွက်က ကောင်းတယ်လို့ပြောလို့မရဘူး''ဟ

မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုလုပ်ငန်းရှင်များ အသင်းချုပ်မှ အထွေထွေအတွင်းရေးမှူးချုပ် ဒေါ်မို့မို့အောင်က ပြောသည်။

ထို့အပြင် ဆောက်လုပ်ရေးလုပ်ငန်းတခုတည်းကိုသာ အဓိကလုပ်ကိုင်နေကြသည့် လုပ်ငန်းရှင်များအနေဖြင့် ၂ဝ၁၈ နှစ်ကုန်ပိုင်းတွင် အတည်ပြုပြဋ္ဌာန်းလိုက်သည့် ကွန်ဒိုမီနီယမ်ဥပဒေပါ

အချက်အချို့ကြောင့်လည်း ကွန်ဒိုသစ်တည်ဆောက်ရန် အခက်အခဲများရှိနေကြောင်း သိရသည်။ 

''အခုအသစ်ဆောက်နေတယ်ဆိုတာတွေက ကွန်ဒိုတာအမည်ခံထားတာ တကယ့်ကွန်ဒိုတခုနဲ့ကိုက်ညီတဲ့ အချက်အလက်တွေ မပါသေးဘူး။ နောက်ဆုံးပါတဲ့ဟာကို ကွန်ဒိုဆောက်မယ်ဆိုရင် 

လျှောက်လွှာ သွားလျှောက်လို့ရတယ်။ ဒါပေမဲ့ လျှောက်တဲ့အခါထဲက အချိုးကျအတိုင်းပိုင်ဆိုင်မှုတန်ဖိုး တွက်ချက်ဖို့အတွက် နိုင်ငံခြားက ပညာရှင်လိုတယ်။ ဒီမှာက မရှိဘူး''ဟုလည်း ဦးမျိုးမြင့်က ပြောသည်။


Credit; Myanmar  Builders Guide

Myanmar Real Estate Exchange

Interested in publishing your property on our website?

Click to list your property