စက်မှုလုပ်ငန်းနှင့်အခြေခံအဆောက်အအုံဆိုင်ရာ နိုင်ငံတကာကုန်စည်ပြပွဲ ကျင်းပမည်

စက်မှုလုပ်ငန်းနှင့်အခြေခံအဆောက်အအုံဆိုင်ရာ နိုင်ငံတကာကုန်စည်ပြပွဲ ကျင်းပမည်


ပြည်တွင်း စက်မှုလုပ်ငန်းရှင်များအတွက်ရည်ရွယ်၍ စက်မှုလုပ်ငန်းများ တိုးတက်လာစေရန် ရည်ရွယ်ကာ မြန်မာနိုင်ငံ၏ အကြီးဆုံးစက်မှုလုပ်ငန်းနှင့်အခြေခံအဆောက်အအုံဆိုင်ရာ ကုန်စည်ပြပွဲကို 

အောက်တိုဘာ ၉ ရက်မှ ၁၁ ရက်အထိ သာကေတမြို့နယ်ရှိ Myanmar Expo၌ ကျင်းပမည်ဖြစ်သည်။ 

Construction,Power& Mining Myanmar 2019,Renewable Energy Myanmar2019, MTA Myanmar 2019နှင့် Subcon Myanmar2019စသည့် ပြပွဲလေးခု၏ လုပ်ငန်းဆိုင်ရာ  ကဏ္ဍများကို စုပေါင်းကာ တစ်နေရာ တည်း၌ ပြသသွားမည်ဖြစ်သည်။

ယခင်က မြန်မာနိုင်ငံရှိ စက်မှုလုပ်ငန်းရှင်များသည် စက်မှုလုပ်ငန်းများအတွက်လိုအပ်သည့် ပစ္စည်းကိရိယာ များကို အွန်လိုင်းမှတစ်ဆင့် တရုတ်နိုင်ငံသို့မှာယူသုံးစွဲနေရပြီး 

ပစ္စည်းကွာလတီကွာဟမှု၊စိတ်တိုင်းမကျမှုနှင့် အရည်အသွေးညံ့ဖျင်းမှုတို့ကြောင့် အခက်အခဲများနှင့် ရင်ဆိုင်ခဲ့ရသည်။ 

ထို့ကြောင့် ယခုကုန်စည်ပြပွဲတွင် တရုတ်၊ကိုရီးယား၊စင်ကာပူနှင့်ထိုင်ဝမ်နိုင်ငံတို့မှ ကုန်ပစ္စည်းများ လာရောက်ပြသမည် ဖြစ်ခြင်းကြောင့် ပြည်ွင်းစက်မှုလုပ်ငန်းရှင်များအတွက် အကျိုးရှိစေမည်ဖြစ်ကြောင်း 

ပြပွဲကျင်းပသည့် Informa Markets၏ ဒါရိုက်တာ ဒေါ်ငြိမ်းငြိမ်းအေးကပြောသည်။ 

လာမည့် ၂ဝ၂၃တွင် မြန်မာနိုင်ငံ စက်မှုလုပ်ငန်းများ၌ နည်းပညာအသုံးပြမှု ၁၁ ရာခိုင်နှုးန်တိုးတက်လာစရန် နိုင်ငံတော်က လမ်းစဉ်များချမှတ်ဆောင်ရွက်မှုကို ပြည်တွင်းလုပ်ငန်းရှင်များ လိုက်ပါနိုင်ရန် 

နိုင်ငံတကာကုန်စည် ပြပွဲများ ပြသရခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။ 

ယခုနှစ်တွင် တတိယအကြိမ်မြောက် ပြသသည့်ကုန်စည်ပြပွဲတစ်ခုဖြစ်ပြီး နှစ်ကုန်ပိုင်းအထိ နိုင်ငံတကာအဆင့်မီ ကုန်စည်ပြပွဲများ ဆက်လက်ကျင်းပနိုင်ရန် စီစဉ်ထားသည်။      


Credit ; Myanmar Builders Guide


Myanmar Real Estate Exchange

Interested in publishing your property on our website?

Click to list your property