ယခုဘဏ္ဍာနှစ်အတွင်း ကျူးကျော်များနေထိုင်ရန်အတွက် အိမ်ရာနှစ်သောင်းခန့် တည်ဆောက်ပြီးစီးရန် မျှော်မှန်းထား

ယခုဘဏ္ဍာနှစ်အတွင်း ကျူးကျော်များနေထိုင်ရန်အတွက် အိမ်ရာနှစ်သောင်းခန့် တည်ဆောက်ပြီးစီးရန် မျှော်မှန်းထား


ကျူးကျော်များနေထိုင်ရန်အတွက် ယခုဘဏ္ဍာနှစ်အတွင်း အိမ်ရာနှစ်သောင်း ခန့် တည်ဆောက်ပြီးစီးရန် မျှော်မှန်းထားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီတွဲဖက်အတွင်းရေးမှူးဦးသန်းက ပြောသည်။ ‘‘ဒီ ၂၀၁၉- ၂၀၂၀ ဘဏ္ဍာနှစ်ထဲမှာတော့ တတ်နိုင်သမျှအိမ်ရာအဆောက်အအုံ နှစ်သောင်းလောက်ပြီးအောင် ရည်ရွယ်ထားတယ်’’ ဟု ၎င်းကပြောသည်။


ထို့ပြင် ကျူးကျော်များနေထိုင်ရန်အတွက် ၁၅ ပေ ၃၅ ပေရှိသည့် အဆောက်အအုံများ၏ တန်ဖိုးငွေမှာကျပ်သိန်း ၃၀ ဝန်းကျင်ရှိပြီး ယင်းအိမ်ရာငွေကြေးကိုနေထိုင်သူများက အရစ်ကျစနစ်ဖြင့် ပေးသွင်းနိုင်ရန် ချေးငွေရရှိရေးကိုလည်း စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။


သီလဝါအထူးစီးပွားရေးဇုန်တွင် စတင်ဆောက်လုပ်နေပြီဖြစ်သည့်တိုယိုတာကားစက်ရုံ‘‘သူတို့က ၂၅ သိန်း၊ သိန်း ၃၀ ကိုလက်ငင်းပေးနိုင်မလားဆို မပေးနိုင်ဘူး။ သူတို့အရစ်ကျပေးနိုင်အောင်လည်း လုပ်နေတယ်။ ဒီချေးငွေရရှိရေး Microfinance ပေါ့။ ချေးငွေရရှိရေးအတွက် သူတို့ကိုစီစဉ်ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။ တစ်လကိုသူတို့က ရှစ်သောင်းဝန်းကျင် တစ်သိန်းဝန်းကျင်တော့ ပြန်သွင်းရမှာပေါ့’’ ဟု ဦးသန်း က ပြောသည်။ လက်ရှိရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကကျူးကျော်နေထိုင်သူများ အတွက် လူထုအခြေပြုအိမ်ရာစီမံကိန်းကို ရွှေပြည်သာစက်မှုဇုန်အနီးတွင်စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။ ‘‘အခုလောလောဆယ် ကျွန်တော်တို့ အဆောက်အအုံငါးထောင်လောက်မြေဟာ Community ပိုင်မြေဖြစ်မယ်။


အဲဒီပေါ်မှာ ၁၅ ပေ ၃၅ ပေရှိတဲ့ အဆောက်အဦးတွေကို ကျူးကျော်တွေကိုယ်တိုင်က သူတို့ဒီမှာတန်ဖိုးအား ဖြင့်တော့ ၂၅ သိန်း၊ သိန်း ၃၀ ဝန်းကျင်လောက် ရှိပါ့မယ်။ တိုင်းအစိုးရမြေကွက်ဝယ်ရန် ဖောင်ဝယ်သူ တစ်သောင်းကျော်တွင် နှစ်ထောင်ကျော် လျှောက်လွှာတင်ဟုဆို ကျူးကျော်တွေ ကိုယ်တိုင်က ဒီလိုပုံစံဆောက်ချင်တယ်ဆိုပြီး ပျိုမေ့အိမ်အဖွဲ့အစည်းကနေကွင်းဆင်းစာရင်းကောက်ယူပြီးတော့ သူတို့ဖြစ်ချင်တဲ့ သူတို့တတ်နိုင်တဲ့ တစ်နိုင်ဈေးနှုန်းလေးတွေညှိနှိုင်းပြီးတော့မှ အခုတစ်ပြေးညီပုံစံရေးဆွဲပေးထားပါတယ်။


အဲဒီအတိုင်းလည်းစတင်ပြီးတော့ အကောင်အထည်ဖော်နေပါပြီ။ ရွှေပြည်သာမှာစပြီးတော့ အကောင်အထည်ဖော်နေပါပြီ’’ ဟု ၎င်းက ဆက်လက် ပြောပြသည်။ လက်ရှိ ကျူးကျော်နေထိုင်သူများအတွက် အိမ်ရာလိုအပ်ချက်သည် တစ်သိန်းခွဲခန့်ရှိသောကြောင့် ဒဂုံလေးမြို့နယ်တွင် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ရန် မြေနေရာရွေးချယ်ထားပြီးဖြစ်ကြောင်း သိရသည်။


ထို့ပြင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က အစိုးရဝန်ထမ်းများနှင့် ပုဂ္ဂလိက ကုမ္ပဏီဝန်ထမ်းများအတွက်ရည်ရွယ်ပြီး တန်ဖိုးနည်းအိမ်ရာစီမံကိန်းများကို နှစ်ရှည်အရစ်ကျစနစ်ဖြင့်ဝယ်ယူနိုင်ရန် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးကုမ္ပဏီများကို စိတ်ဝင်စားမှု အဆိုပြုလွှာ(EOI) ခေါ်ယူ ထားကြောင်းလည်း သိရသည်။


Credit : Myanmar Builders Guide

Myanmar Real Estate Exchange

Interested in publishing your property on our website?

Click to list your property