Shopping Mall များတည်ဆောက်ရန် တရုတ်နိုင်ငံကလာရောက်ရင်းနှီးမြှုပ်နှံမည်

Shopping Mall များတည်ဆောက်ရန် တရုတ်နိုင်ငံကလာရောက်ရင်းနှီးမြှုပ်နှံမည်


တရုတ်နိုင်ငံမှအဖွဲ့တစ်ခုက Shopping Mall များတည်ဆောက်ရန်အမေရိကန်ဒေါ်လာသန်း ၂၅၀ ခန့်ရင်းနှီးမြှုပ်နှံမည် ဖြစ်ကြောင်းကုန်သည်စက်မှုအသင်းချုပ်ဥက္ကဌဦးဇော်မင်းဝင်းကပြောကြားသည်။


Shopping Mall များကိုနေပြည်တော်နှင့်မန္တလေးစသည့်ဒေသများတွင်တည်ဆောက်သွားမည်ဖြစ်ကြောင်း ယင်းအသင်းချုပ်ထံမှ သိရသည်။


“လက်လီလက္ကားလုပ်ငန်းနှင့်ပတ်သက်ပြီးတရုတ်နိုင်ငံက အမေရိကန်ဒေါ်လာသန်း ၂၅၀ လောက်ရင်းနှီးမြှုပ်နှံဖို့ရှိတယ်။ နေပြည်တော်နှင့်မန္တလေးတို့မှာ Shopping Mall ဆောက်တာတွေလုပ်သွားမှာ”ဟု၎င်းကပြောဆိုသည်။


ထို့ပြင်မြန်မာနိုင်ငံတွင်လာရောက်ရင်းနှီးမြှုပ်နှံရန်အတွက်နိုင်ငံတကာကလည်း စိတ်ဝင်စားလျက်ရှိကြပြီးရင်းနှီးမြှုပ်နှံမှုများလာရောက်နို်င်သည့်အနေအထားရှိကြောင်း ကုန်သည်စက်မှုအသင်းချုပ်ထံမှသိရသည်။


“ရှေ့အလားအလာက ရင်းနှီးမြှုပ်နှံမှုတွေ လာနိုင်တဲ့အနေအထားရှိပါတယ်။ အမေရိကန်နဲ့လည်းနှစ်ကြိမ်၊ သုံးကြိမ်ဆွေးနွေးတယ်။ သူတို့လုပ်နိုင်တဲ့ကဏ္ဍပေါ်မှာရင်းနှီးမြှုပ်နံဖို့ရှိတဲ့အတွက် တချို့ကလည်းရခိုင်ကိစ္စကိုထည့်ပြောတာရှိပါတယ်။


သို့သော်လာရင်းနှီးမြှုပ်နှံနိုင်အောင် ကြိုးစားလုပ်မယ်ဆိုတဲ့အနေအထားရှိပါတယ်” ဟုဦးဇော်မင်းဝင်းကပြောကြားသည်။


နို််င်ငံတကာငွေရေးကြေးရေးကော်ပိုရေးရှင်း(IFC) ကလည်းမြန်မာနို်င်ငံ၏ ဝက်မွေးမြူရေးကဏ္ဍတွင်အမေရိကန်ဒေါ်လာသန်း ၈၀၀ ရင်းနှိးမြှုပ်နှံရန် ညှိနှိုင်းဆွေးနွေးထားကြောင်းလည်းသိရသည်။


 


Source: The voice


 

Myanmar Real Estate Exchange

Interested in publishing your property on our website?

Click to list your property