တစ်နှစ်လျှင် အငြိမ်းစားယူမည့် ဝန်ထမ်းဦးရေ ၂၀၀၀၀ ကျော်ရှိပြီး ယင်းတို့အနက် သုံးပုံနှစ်ပုံခန့်မှာ အိမ်ခန်းဝယ်ယူ လိုသည့်အတွက် တစ်နှစ်လျှင် အိမ်ရာလိုအပ်ချက် ၁၃၀၀၀ ယူနစ်ကျော်ဆောက်လုပ်ပေးရမည်ဟု ဆော

တစ်နှစ်လျှင် အငြိမ်းစားယူမည့် ဝန်ထမ်းဦးရေ ၂၀၀၀၀ ကျော်ရှိပြီး ယင်းတို့အနက် သုံးပုံနှစ်ပုံခန့်မှာ အိမ်ခန်းဝယ်ယူ လိုသည့်အတွက် တစ်နှစ်လျှင် အိမ်ရာလိုအပ်ချက် ၁၃၀၀၀ ယူနစ်ကျော်ဆောက်လုပ်ပေးရမည်ဟု ဆော


တစ်နှစ်လျှင် အငြိမ်းစားယူမည့် ဝန်ထမ်းဦးရေ ၂၀၀၀၀ ကျော်ရှိပြီး ယင်းတို့အနက် သုံးပုံနှစ်ပုံခန့်မှာ အိမ်ခန်းဝယ်ယူ လိုသည့်အတွက် တစ်နှစ်လျှင် အိမ်ရာလိုအပ်ချက် ၁၃၀၀၀ ယူနစ်ကျော်ဆောက်လုပ်ပေးရမည်ဟု ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက လွှတ်တော်၌ ဖြေကြားခဲ့သည်။နိုဝင်ဘာ ၄ ရက်က ပြုလုပ်သည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် မွန်ပြည်နယ် မဲဆန္ဒနယ် အမှတ် ၁၂ မှ ဒေါ်သီရိရတနာက နိုင်ငံ့ဝန်ထမ်းများ အငြိမ်းစားယူသည့်အခါ ဘဝနေထိုင်ရေးအဆင်ပြေစေရန် ဝန်ထမ်းအိမ်ရာများ ဆောက်လုပ်ရန်အတွက် ဝန်ထမ်းများအား စစ်တမ်းကောက်ယူထားမှု အခြေအနေ၊ အကောင်အထည်ဖော် ပြီးစီးမှု ရာခိုင်နှုန်းနှင့် မည်သည့်ကာလတွင်ဝန်ထမ်းများလက်ဝယ်သို့ ပေးအပ်နိုင်မည်ကို သိရှိလိုကြောင်း မေးမြန်းခဲ့သည်။

အဆိုပါ မေးမြန်းမှုနှင့် ပတ်သက်ပြီး ဒုတိယဝန်ကြီးက နိုင်ငံ့တာဝန် ထမ်းဆောင်နေကြသည့် ဌာနဆိုင်ရာ အသီးသီးမှ အရာထမ်း၊ အမှုထမ်းများ အငြိမ်းစားယူသည့်အခါ နေထိုင်ရေးအဆင်ပြေစေရန်အတွက် ဝန်ကြီးဌာနများ ပူးပေါင်းပြီး သုံးနှစ်အတွင်း အငြိမ်းစားယူကြမည့် နိုင်ငံ့ဝန်ထမ်းများ အပြီးအပိုင်ရောင်း အိမ်ရာများ ဆောက်လုပ်နိုင်ရန် အိမ်ရာလိုအပ်ချက်မေးခွန်းလွှာများကို ၂၀၁၇ ခုနှစ်တွင် ဝန်ကြီးဌာနများသို့ ဖြန့်ဝေပြီး အိမ်ရာလိုအပ်ချက် စစ်တမ်းများ ကောက်ယူခြင်း၊ ဖြစ်မြောက်နိုင်စွမ်း လေ့လာမှုများ ဆောင်ရွက်ခဲ့ကြောင်းပြောကြားခဲ့သည်။ဒုတိယဝန်ကြီးက “စစ်တမ်းတွေအရ တစ်နှစ်မှာ အငြိမ်းစားယူမယ့် နိုင်ငံ့ဝန်ထမ်းဦးရေဟာ ၂၀၀၀၀ ကျော်ရှိပါတယ်။ အဲဒီထဲက သုံးပုံနှစ်ပုံခန့်က အိမ်ခန်းဝယ်ယူ လိုတဲ့အတွက်အိမ်ရာလိုအပ်ချက်ပေါင်းက တစ်နှစ်မှာ ၁၃၀၀၀ ယူနစ်ကျော် ဆောက်လုပ်ပေးရမှာ ဖြစ်ပါတယ်။ အများစုကတော့ အိမ်ရာချေးငွေနဲ့ ဝယ်ယူလိုခြင်းဖြစ်ပြီး အငြိမ်းစားယူချိန်မှာအခြေချ နေထိုင်လိုတဲ့ မြို့တွေကတော့ ရန်ကုန်မြို့မှာ ၁၀၈၁၉ ဦး၊ မန္တလေးမြို့မှာ ၃၆၆၃ ဦး၊ နေပြည်တော်မှာ ၁၁၂၅ ဦးနဲ့ အ ခြားမြို့တွေကိုလည်း မျှပြီးတော့ဆန္ဒပြုထား တာတွေ့ရှိရပါတယ်။ အဲဒီအတွက် အိမ်ခန်း လိုအပ်ချက်မှာ ရန်ကုန်မြို့မှာ အများဆုံးဖြစ် ပြီး မန္တလေးမြို့ကတော့ ဒုတိယအများဆုံး ဖြစ်တာကို တွေ့ရပါတယ်။

နိုင်ငံ့ဝန်ထမ်း အ ငြိမ်းစားတွေအတွက် တန်ဖိုးသင့်တင့်တဲ့ အ ရောင်းအိမ်ရာတွေကို ဝယ်ယူခွင့်ပြုနိုင်ဖို့ လို အပ်သကဲ့သို့ ဝယ်ယူနိုင်ဖို့ အခက်အခဲရှိတဲ့ အငြိမ်းစားတွေအတွက်အငှားအိမ်ရာတွေ စီစဉ်ပေးဖို့ လိုအပ်တာကို တွေ့ရှိရပါတယ်” ဟု လွှတ်တော်၌ ပြောကြားခဲ့သည်။အိမ်ရာလိုအပ်ချက် အများဆုံးဖြစ်သည့် နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်း ဒေသကြီးများတွင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုရန်ပုံငွေ ကျပ် ၁၅ ဘီလျံ၊ အငှားအိမ်ရာ အခန်းပေါင်း ၈၁၂ ခန်း တည်ဆောက်ပေးခဲ့ကြောင်း၊ ၂၀၁၉- ၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် နေပြည်တော်၌ အခန်းပေါင်း ၁၂၀ထပ်မံတည်ဆောက်ပေးသွားမည်ဖြစ်ကြောင်း၊ အခြားတိုင်းဒေသကြီး နှင့် ပြည်နယ်အစိုးရ အဖွဲ့များအနေဖြင့် နိုင်ငံ့ဝန်ထမ်း အငှားအိမ်ရာ စီမံကိန်းများကို တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ဆောက်လုပ်ဖြည့်ဆည်း ပေးလျက်ရှိပြီး အိမ်ခန်းများ ချထားရေးကို တာဝန်ယူဆောင်ရွက် ပေးလျက်ရှိကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။နိုင်ငံ့ဝန်ထမ်းများအတွက် အိမ်ရာဖြည့်ဆည်းပေးရာတွင် နိုင်ငံတော်မှ ချမှတ်ထားပေးသော ရန်ပုံငွေဖြင့် အငှားအိမ်ရာနှင့် အရောင်းအိမ်ရာများ တည်ဆောက်ချထားပေးခြင်း၊ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှု ဖိတ်ခေါ်၍ PPP စနစ်ဖြင့် အိမ်ရာစီမံကိန်းများ ဆောက်လုပ်ရောင်းချပေးခြင်း၊ နိုင်ငံတကာ အဖွဲ့အစည်းများထံမှ ချေးငွေရယူ၍ အရစ်ကျအိမ်ရာ ချေးငွေစနစ်ဖြင့်ဆောက်လုပ်ရောင်းချ ပေးခြင်းတို့ဖြင့် ဆောင်ရွက်နိုင်ကြောင်း၊ သွားလာရေး လွယ်ကူသော နေရာများတွင်သာ ပြည်သူများ အခြေချ နေထိုင်လိုခြင်းဖြစ်၍ အိမ်ရာဆောက်လုပ်ရန် မြေနေရာအခက်အခဲ ရှိသည့်အတွက် အခြားဝန်ကြီးဌာနများမှ သုံးစွဲနေသည့် မြို့တွင်းသွားလာရ လွယ်ကူသော မြေနေရာ အပိုများကို ဆောက်လုပ်ရေး ဝန်ကြီးဌာနသို့ လွှဲပြောင်းပေးခြင်းအားဖြင့်လိုအပ်သည့် အိမ်ရာများ ပိုမိုဆောက်လုပ် ပေးနိုင်မည်ဖြစ်ကြောင်း ဒုတိယဝန်ကြီးက ပြောကြားခဲ့သည်။ဆောက်လုပ်ရေး ဝန်ကြီးဌာန/မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ နိုင်ငံ့ဝန်ထမ်းများ အပါအဝင် ဝင်ငွေနည်း ပြည်သူများအတွက် ဝယ်ယူနိုင်စွမ်းရှိစေမည့် အရောင်းအိမ်ရာများကို ၂၀၁၇ခုနှစ်မှ ၂၀၁၉ ခုနှစ်အတွင်း ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နှင့် အခြားမြို့ကြီးများတွင် စုစုပေါင်းအိမ်ခန်း ၈၄၁၆ ခန်း တည်ဆောက် ရောင်းချပေးလျက်ရှိကြောင်း၊ အတိုးနှုန်း သက်သာသည့်နှစ်ရှည်အိမ်ရာ ချေးငွေစနစ်နှင့် ချိတ်ဆက်ဝယ်ယူနိုင်ရန် စီစဉ်ပေးလျက်ရှိကြောင်း၊ ဆောက်လုပ်ပြီး တန်ဖိုးနည်း၊ တန်ဖိုးသင့် တိုက်ခန်းများကို နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများအကြားအချိုးကျ ခွဲဝေရောင်းချ ပေးလျက်ရှိပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ရန်ကုန်မြို့တွင် တန်ဖိုးနည်းအိမ်ရာများကို နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဖြင့် ဖိတ်ခေါ်ဆောင်ရွက်ကာ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများကို ရောင်းချရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ဒုတိယဝန်ကြီး ဦးကျော်လင်းက ပြောကြားသည်။

Credit : Daily Eleven

Myanmar Real Estate Exchange

Interested in publishing your property on our website?

Click to list your property