မြင်းခြံတွင် အုပ်ချုပ်ရေးမှူးရုံးနှင့် ဝန်ထမ်းအိမ်ရာတည်ဆောက်ရေးလုပ်ငန်းအတွက်တင်ဒါခေါ်ယူနေ

မြင်းခြံတွင် အုပ်ချုပ်ရေးမှူးရုံးနှင့် ဝန်ထမ်းအိမ်ရာတည်ဆောက်ရေးလုပ်ငန်းအတွက်တင်ဒါခေါ်ယူနေ


မန္တလေးတိုင်းဒေသကြီး၊မြင်းခြံမြို့နယ်၊ ဆီမီးခုံမြို့တွင်အုပ်ချုပ်ရေးမှူးရုံးနှင့်ဝန်ထမ်းအိမ်ရာတည်ဆောက်ရန် တင်ဒါခေါ်ယူလျက်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှသိရသည်။

ယင်းစီမံကိန်းများကို မန္တလေးတိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် အာစီ ၂ ထပ် ၁ ရုံးနှင့်ဝန်ထမ်းအိမ်ရာ ၄ ခန်းတွဲအာစီ ၂ထပ် ၁လုံးဆောက်လုပ်ရန်အတွက်

တည်ဆောက်ရေးလုပ်ငန်းများလုပ်ကိုင်ခွင့်ရရှိထားသည့် မြန်မာနိုင်ငံသား လုပ်ငန်းရှင်ကုမ္ပဏီများကို အိတ်ဖွင့်တင်ဒါခေါ်ယူခြင်းဖြစ်ကြောင်းယင်းဦးစီးဌာနထံမှသိရသည်။

တင်ဒါလျှောက်လွှာပုံစံများကို နိုဝင်ဘာလ ၆ ရက်နေ့မှ စတင်ရောင်းချမည်ဖြစ်ပြီး ယင်းတင်ဒါများနိုဝင်ဘာ ၁၉ ရက်နေ့နောက်ဆုံးထားလျှောက်ထားရမည်ဟု ယင်းဦးစီးဌာနမှသိရသည်။

တင်ဒါဖွင့်လှစ်မည့်ရက်များကို အစိုးရပိုင်းသတင်းစာများတွင် ထပ်မံကြေညာပေးသွားမည်ဖြစ်ပြီး တင်ဒါစည်းမျဉ်းစည်းကမ်းနှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို ရုံးချိန်အတွင်းမန္တလေးတိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၆၄ လမ်း၊ ၂၃ လမ်းနှင့် ၂၄ လမ်းကြား၊အောင်မြေသာစံမြို့နယ်၊ မန္တလေးမြို့၊ ၀၂-၄၀၆၁၀၀၁၁၊ ၀၂-၄၀၃၉၀၇၉ တွင်လာရောက်စုံစမ်းနိုင်ကြောင်း ယင်းဦးစီးဌာနမှသိရသည်။

Credit : The voice

 

Myanmar Real Estate Exchange

Interested in publishing your property on our website?

Click to list your property