ဂျပန်နိုင်ငံက ထားဝယ် အထူးစီးပွားရေးဇုန် အပါအဝင် တနင်္သာရီတိုင်းဒေသကြီး တစ်ခုလုံး ဖွံ့ဖြိုးတိုးတက်ရေး လုပ်ကိုင်ရန် စိတ်ဝင်စားနေပြီး စီမံကိန်းဆိုင်ရာစာတမ်း တစ်ခု ပြုလုပ်ထားပြီ ဖြစ်ကြောင်း ဒုတိယ

ဂျပန်နိုင်ငံက ထားဝယ် အထူးစီးပွားရေးဇုန် အပါအဝင် တနင်္သာရီတိုင်းဒေသကြီး တစ်ခုလုံး ဖွံ့ဖြိုးတိုးတက်ရေး လုပ်ကိုင်ရန် စိတ်ဝင်စားနေပြီး စီမံကိန်းဆိုင်ရာစာတမ်း တစ်ခု ပြုလုပ်ထားပြီ ဖြစ်ကြောင်း ဒုတိယ


ဂျပန်နိုင်ငံက ထားဝယ်အထူးစီးပွားရေးဇုန်အပါအဝင် တနင်္သာရီတိုင်းဒေသကြီး တစ်ခုလုံး ဖွံ့ဖြိုးတိုးတက်ရေးလုပ်ကိုင်ရန်အတွက် စိတ်ဝင်စားနေပြီး စီမံကိန်းဆိုင်ရာစာ တမ်းတစ်ခုပြုလုပ်ထားပြီဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောကြားသည်။ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်း အကောင်အထည်ဖော်ရန် လွန်ခဲ့သည့် ၁၀ နှစ်ကျော်ကတည်းက စီစဉ်ခဲ့သော်လည်း တိုးတက်မှုနှေးကွေးခဲ့ကြောင်း၊ မြန်မာနိုင်ငံရှိအထူးစီးပွားရေးဇုန်များအနက် သီလဝါ အထူးစီးပွားရေးဇုန်သည် တိုးတက်မှုအမြန်ဆုံးဖြစ်ကာ ဂျပန်အစိုးရနှင့် မြန်မာအစိုးရ အကြား ပူးပေါင်းအကောင်အထည်ဖော်နေ ခြင်းဖြစ်ကြောင်းသိရသည်။

“ထားဝယ်က လုပ်တာ ၁၀ နှစ်ကျော် လောက်ရှိပြီ။ သိပ်တော့တိုးတက်မှုမရှိဘူး။ ပထမ လုပ်ခဲ့တာက အီတာလျံ-ထိုင်းကုမ္ပဏီ နဲ့လုပ်ခဲ့တယ်။ သူ့ရဲ့ ဘဏ္ဍာရေးအခြေအနေကသိပ်ပြီးခိုင်မာမှုမရှိဘူး။ တစ်ဖက်မှာ လည်း ဒီဟာကို အောင်မြင်ဖို့အတွက် အခြေခံ လိုအပ်ချက်တွေ ဖြည့်ဆည်းပေးဖို့ လိုအပ် တယ်။ အဲဒါက ဘာတွေလဲဆိုတော့ အချက် တွေအများကြီးရှိတယ်။မြေငှားမယ်၊ လမ်း ပန်းဆက်သွယ်ရေးတွေ လုပ်ပေးရမယ် စသ ဖြင့်ပေါ့လေ။ ဖြည့်ဆည်းတာက ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ EIA, SIA လုပ်မယ်ပေါ့။

ဒါတွေက မကြာသေးခင်ကာလကမှ ပြီးသွားတာဖြစ်ပါတယ်”ဟု စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောကြားသည်။

“ထားဝယ်မှာ အီတာလျံ-ထိုင်းက လုပ်နေရာက နောက်ပိုင်းမှာ ဂျပန်အစိုးရကပါ ဝင်လာတယ်။ နောက်ပိုင်းမှာ ဂျပန်က စိတ်ဝင်စားမှု ပိုပြီးမြင့်တက်လာတဲ့သဘောရှိပါ တယ်။

နောက်တစ်ခုက ထားဝယ်တင်မကဘဲ တနင်္သာတိုင်းဒေသကြီးတစ်ခုလုံး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် လုပ်ချင်တဲ့ Survey မကြာ ခင်က လုပ်ထားတာရှိပါတယ်။

လုပ်ထားတော့ သူတို့ ဝင်လာတဲ့အခါကျရင် ဒီဟာက တက်လာမယ့်သဘောရှိပါတယ်”ဟု ဒုတိယ ဝန်ကြီးဦးအောင်ထူးက ဆိုသည်။

ထားဝယ် အထူးစီးပွားရေးဇုန်စီမံကိန်း တွင် ကနဦးစီမံကိန်းနှင့် ပင်မစီမံကိန်းကို တ ပြိုင်နက်အကောင်အထည်ဖော်ရန်အတွက် (၉)ကြိမ်မြောက် မြန်မာ-ထိုင်းပူးတွဲကော်မတီအစည်းအဝေး၌ မြန်မာဘက်က ထပ်မံအဆိုပြုထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

“ထားဝယ်အထူးစီးပွားရေးဇုန်က အကြမ်းဖျင်းအားဖြင့် ကနဦးစီမံကိန်းမှာ စိန်ခေါ် မှုတွေရှိနေတယ်ဆိုတာကို နှစ်ဖက်အစိုးရက အသိအမှတ်ပြုတဲ့သဘောပေါ့နော်။

အဲဒီ ကနဦးစီမံကိန်းနဲ့ ပင်မစီမံကိန်းကို တပြိုင်နက်ဆောင်ရွက်ရန် မြန်မာဘက်က ထပ်ပြီး အဆိုပြုလိုက်တယ်။ အဲဒီအတွက် ဆက်ပြီး ဆွေးနွေးမယ်။

ထားဝယ်အထူးစီးပွားရေးဇုန်အတွက် လျှပ်စစ်ဖြန့်ဖြူးရေးဆိုင်ရာလုပ် ငန်းတွေနဲ့ပတ်သက်ပြီး လျှပ်စစ်ဝန်ကြီးဌာန က ဆောင်ရွက်ထားတာတွေကိုအသိအမှတ် ပြုခဲ့တယ်။နောက်တစ်ခုက SPV နဲ့ပတ် သက်ပြီး သူ့ရဲ့ဖွဲ့စည်းပုံတွေကို နှစ်ဖက်ပြန် လေ့လာမယ်၊ သုံးသပ်မယ်ဆိုတာတွေကို သ ဘောတူခဲ့တယ်”ဟုစီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန လက်ထောက် အတွင်းဝန်ဦးခင်မောင်လွင်က ပြောကြား သည်။

 ထားဝယ်အထူးစီးပွားရေးဇုန်ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာ-ထိုင်း ပူး တွဲကော်မတီ (JCC) ဝန်ကြီးအဆင့် အစည်းအဝေးကို အောက်တိုဘာ ၃ ရက်ကနေပြည် တော်၌ ကျင်းပခဲ့သည်။

(၉) ကြိမ်မြောက် မြန်မာ-ထိုင်းပူးတွဲ ကော်မတီ (JCC) အစည်းအဝေးတွင် ထား ဝယ်အထူးစီးပွားရေးဇုန်ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာ-ထိုင်းနှစ်နိုင်ငံဆက်လက်ဆောင်ရွက်သွားမည့်အစီအစဉ်များ၊ ထားဝယ်အထူးစီးပွားရေးဇုန် တည်ဆောက်ရေးအတွက် ကနဦးစီမံကိန်းနှင့်အ တူ တစ်ပြိုင်နက်တည်း ဆောင်ရွက်သွားမည့်ပင်မစီမံကိန်းအကောင်အထည်ဖော်ရန် ကိစ္စ ရပ်များ၊ ထားဝယ်အထူးစီးပွားရေးဇုန် ဖွံ့ဖြိုး တိုးတက်ရေးကုမ္ပဏီလီမိတက် SPV ၏ အခန်းကဏ္ဍနှင့် ဖွဲ့စည်းပုံ၊ နှစ်လမ်းသွားကား

လမ်းဖောက်လုပ်ရေးအတွက် ဆက်လက် ဆောင်ရွက်သွားမည့် အစီအစဉ်များနှင့် မြန်မာ-ထိုင်းနှစ် နိုင်ငံ ပူးတွဲအဆင့်မြင့်ကော် မတီ(JHC)ကျင်းပရန် ကိစ္စရပ်တို့ကိုဆွေး နွေးခဲ့ကြကြောင်း သိရသည်။

Credit : Daily Eleven

Myanmar Real Estate Exchange

Interested in publishing your property on our website?

Click to list your property