နှစ်ပေါင်း ၃၁နှစ်အတွင်း မြန်မာနိုင်ငံ၏အိမ်ခြံမြေ ကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှပ်နှံမှု ဒေါ်လာသန်း ၅၄ဝဝ ကျော်ဝင်ရောက်

နှစ်ပေါင်း ၃၁နှစ်အတွင်း မြန်မာနိုင်ငံ၏အိမ်ခြံမြေ ကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှပ်နှံမှု ဒေါ်လာသန်း ၅၄ဝဝ ကျော်ဝင်ရောက်


၁၉၈၈-၁၉၈၉ဘဏ္ဍာနှစ်မှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် သြဂုတ်လအထိ မြန်မာနိုင်ငံ၏အိမ်ခြံမြေကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြုပ်နံမှု ပမာဏ ဒေါ်လာ သန်း ၅၄ဝဝကျော် ဝင်ရောက်ထားကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှပ်နှံမှုကော်မရှင်မှ သိရသည်။

အဆိုပါနှစ်များအတွင်း ရေနံနှင့် သဘာဝဓာတ်ငွေ့ ကဏ္ဍတွင် ဒေါ်လာ ၂၂၄၂ဝဒသမ ၅၇၂သန်း၊ စွမ်းအင်ကဏ္ဍတွင် ၂၁၁၇၈ဒသမ၁၃၂သန်း၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ဒေါ်လာ ၁၁၄၃ဝဒသမ ၄၃၄သန်း၊ အိမ်ခြံမြေကဏ္ဍတွင် ဒေါ်လာ ၅၄၃၉ဒသမ ၈၈ဝသန်း၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းကဏ္ဍတွင် ၃၀၉၈ဒသမ ၉၃၆သန်း ဝင်ရောက်ရင်းနှီးမြှပ်နှံမှုပြုလုပ်လုပ်ထားကြောင်း သိရသည်။ 

၂၀၁၈-၂၀၁၉ဘဏ္ဍာနှစ်ကုန်ဆုံးရန် ၁၅ ရက်သာကျန်ရှိတော့သည့်အချိန်တွင် နိုင်ငံခြားရင်းနှီးမြှပ်နှံမှု သန်း၄၃ဝဝကျော်ဝင်ရောက်ထားပြီး လျာထားချက်ပြည့်မီရန်ဒေါ်လာသန်း ၁၄ရဝကျော် လိုအပ်နေသေးကြောင်း သိရသည်။ ၂၀၁၈-၂၀၁၉ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံ၌ ပြည်ပရင်းနှီးဲမှပ်နှံမှု ဒေါ်လာသန်း ၅၈ဝဝ အထိ ဝင်ရောက်ရန်မျှော်မှန်းထားသည်။

Credit : Myanmar Builder Guide

Myanmar Real Estate Exchange

Interested in publishing your property on our website?

Click to list your property