ရှစ်ထပ်အောက် အဆောက်အအုံများတွင် ငလျင်ဒဏ်ခံနိုင်အား ထည့်သွင်းတွက်ချက်ရန် စီစဉ်

ရှစ်ထပ်အောက် အဆောက်အအုံများတွင် ငလျင်ဒဏ်ခံနိုင်အား ထည့်သွင်းတွက်ချက်ရန် စီစဉ်


 သုံးထပ်မှ ရှစ်ထပ်ရှိ အဆောက်အအုံများတွင် ငလျင်ဒဏ်ခံံနိုင်အားကိုပါ ထည့်သွင်းတွက်ချက်စေရန် စီစဉ်နေကြောင်း ရန်ကုန်မြို့တော်စည်ပင်အင်ဂျင် နီယာဌာန (အဆောက်အအုံ) ညွှန်ကြားရေးမှူး

ဦးဇော်ဝင်းက ပြောသည်။

 ငလျင်ဒဏ်ခံနိုင်အား (Seismic Loading) တွက် ချက်ခြင်းဆိုသည်မှာ အောက်ခြေ ဖောင်ဒေးရှင်းအပါအဝင် အ ဆောက်အအုံတစ်ခုလုံး၏ အရည်အသွေးပိုင်းနှင့် သုံးစွဲမည့် ပစ္စည်း များကို

နှစ်ဆတိုးတွက်ချက်တိုင်း တာ တည်ဆောက်ခြင်းဖြစ်ပြီး ငလျင်ဖြစ်ပါက ပုံမှန်အဆောက် အအုံများထက် ပိုမိုခံနိုင်ရည်ရှိ သည်ဟု အင်ဂျင်နီယာ ဦးသိန်း အောင်က ဆိုသည်။

 ၂၀၁၀ နောက်ပိုင်း တည် ဆောက်သည့် သုံးထပ်မှ ရှစ်ထပ် အဆောက်အအုံများတွင် ဒီဇိုင်းပိုင်းနှင့် ဆိုက်စမစ် Loading ပိုင်းများတွင်ပါ ငလျင်ဒဏ်နှင့် စပ်လျဉ်း၍ ထည့်သွင်းတွက်ချက် ခြင်း

မရှိကြောင်း ဦးဇော်ဝင်းက ပြောသည်။

 ‘‘ဆိုက်စမစ် Loading တွေထည့်မယ်ဆိုရင် ဒီအဆောက်အ အုံရဲ့ ကုန်ကျစရိတ်တွေက မူလထက် တစ်ဆခွဲလောက် ဈေးကြီးသွားမှာ ဖြစ်တယ်။ အခုငလျင်ဖြစ်

စဉ် ပြီးနောက်မှာတော့ တိုင်းဒေသကြီး အစိုးရကိုတော့ ဆိုက်စမစ် Loading အပိုင်းမှာရော ကျန်တဲ့အပိုင်းတွေပါ ထည့်သွင်းတွက် ချက်ဖို့ တင်ပြထားတယ်’’ဟု ၎င်းက ပြောသည်။

 နောက်ပိုင်း တည်ဆောက် မည့် အဆောက်အအုံများတွင် ငလျင်ဒဏ်ခံနိုင်ရန် ထည့်သွင်းရ မည့် အစိတ်အပိုင်းများကို ကြပ်ကြပ်မတ်မတ် ဆောင်ရွက်ရန် လိုအပ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ

ဥက္ကဋ္ဌ ဦးမောင်မောင်စိုးက ပြောသည်။

 ‘‘အဆောက်အအုံတွေက နှစ်(၅၀)လောက်ရှိပြီး ကြံ့ခိုင်မှုပိုင်းက အားနည်းနေတယ်။ ၈၈ နောက်ပိုင်းဆောက်တဲ့ တိုက်တွေက မြင့်တော့မြင့်တယ်။ ခြောက်ထပ်၊ ခုနစ်ထပ်တွေ။ ဒါပေမဲ့ ဖောင်ဒေးရှင်း

သိပ်မသွားဘူး။ ဖောင်ဒေးရှင်းကုန်ရင် မကိုက်ဘူး။ ဖောင်ဒေးရှင်း သိပ်မထည့်ဘူး’’ဟု ဦးမောင်မောင်စိုးက ပြောသည်။

 ‘‘ငလျင်ဒဏ်ခံနိုင်တဲ့စနစ် ထည့်တဲ့တိုက်နဲ့ မထည့်တဲ့တိုက်ဆောက်မယ့်စနစ်မှာ ကုန်ကျ စရိတ်က နှစ်ဆလောက်ကွာဟ ချက်ရှိတယ်။ ဒါတောင် ဒီဇိုင်းပိုင်းကျန်သေးတယ်။ အဲဒီအတွက် ငလျင်ဒဏ်ခံနိုင်တဲ့စနစ်

ထည့်မယ်ဆိုရင် တိုက်ခန်းတစ်ခန်းရဲ့ မူလတန်ကြေးက ကျပ်သိန်း ၄၀၀ကနေ ၇၀၀ လောက် ဖြစ်သွားမယ်။ဒါပေမဲ့ ငလျင်ဒဏ်ခံနိုင်တဲ့အ တွက် ကောင်းတယ်’’ဟု လုပ်သက်၁၀ နှစ်ရှိ ဆောက်လုပ်ရေးအင်ဂျင်နီယာ ဦးမိုးသူက ပြောသည်။

 ရန်ကုန်မြို့တွင် နိုဝင်ဘာ ၁၂ ရက်က ငလျင်လှုပ်ခတ်ပြီးနောက် တိမ်းစောင်းခဲ့သည့် တိုက် ၂၅ လုံးရှိကြောင်း၊ ယင်းတို့အနက် ရေရှည်နေထိုင်နိုင်သော အဆင့်သတ်မှတ်ချက် ကျော်လွန်သည့် တိုက် ရှစ်လုံးရှိကာ

ပြန်လည်တည့်မတ်ရန် စီစဉ်နေကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ တာဝန်ရှိသူများက ပြောသည်။


Credit : MyanmarBuilders Guide

Myanmar Real Estate Exchange

Interested in publishing your property on our website?

Click to list your property