ကွန်ဒိုတိုက်ခန်းများအား စိတ်ဝင်စားဖွယ် အရစ်ကျပေးချေမှုများဖြင့် ရောင်းချသွားမည့် Golden City နှစ်သစ်ကူးအကြိုအစီအစဉ်

ကွန်ဒိုတိုက်ခန်းများအား စိတ်ဝင်စားဖွယ် အရစ်ကျပေးချေမှုများဖြင့် ရောင်းချသွားမည့် Golden City နှစ်သစ်ကူးအကြိုအစီအစဉ်


Golden City မှ နှစ်သစ်ကူးအကြို ပရိုမိုးရှင်းအစီအစဉ်ဖြင့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ မတ်လ ၃၁ ရက်နေ့အထိ ရန်ကင်းမြို့နယ်ရှိ Golden City Condo တွင် ၂ လကြာ ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

ကွန်ဒိုတိုက်ခန်းများကို Yoma ဘဏ်၊ CB ဘဏ်၊ KBZ ဘဏ်၊ AYA ဘဏ်တို့ဖြင့် ချိတ်ဆက်ကာ စိတ်ဝင်စားဖွယ် အရစ်ကျ ပေးချေမှုစနစ်များကိုလည်း customer များအား အဆင်ပြေလွယ်ကူစွာ ပေးချေနိုင်ရန် စီစဉ်ထားရှိခြင်းများ ပါဝင်မည်ဖြစ်သည်။

ရန်ကုန်မြို့ကို နေချင်စဖွယ်မြို့တော်အဖြစ် တည်ဆောက်ရာတွင် လိုအပ်ချက်များစွာ ရှိနေသေးကြောင်း ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းကပြောသည်။

Customer များဝယ်ယူရာတွင်လည်း ၆ နှစ်အတိုးမဲ့အရစ်ကျငွေပေးချေမှုဖြင့် ဝယ်ယူနိုင်ခြင်း၊ ၈ ရာခိုင်နှုန်းဖြင့် ၁၀ နှစ် အရစ်ကျ ဝယ်ယူနိုင်ခြင်းနှင့် ၃၀ ရာခိုင်နှုန်းပေးသွင်းရုံဖြင့် ဝင်ရောက်နေထိုင်ခြင်း စသည့်အစီအစဉ်များစွာ ပါဝင်လျက်ရှိကြောင်း သိရသည်။

Golden City တွင် စီးပွားရေးပညာရှင်များနှင့် မိသားစုများအတွက် သင့်တော်သည့် လူနေတိုက်ခန်းတာဝါ (၇) ခုပါဝင်သည့် Phase 1 နှင့် Phase 2 ကို ဆောက်လုပ်ပြီးစီးခဲ့ပြီဖြစ်၍ ၎င်းတွင် အဆင့်မြင့် ဖန်တီးထားသည့် ဒီဇိုင်းအပြင်အဆင်များ၊ ခမ်းနားထည်ဝါသော ရေကူးကန်အပြင် အဆင့်မြင့် ကာယလေ့ကျင့်ခန်းစင်တာများလည်း ပါဝင်မည်ဖြစ်သည်။

ပရိုမိုးရှင်းကာလအတွင်း အခန်းဝယ်ယူသူများအနေဖြင့် အိပ်ခန်း ၃ ခန်း၊ အိပ်ခန်း ၄ ခန်းနှင့် အထက်ပါရှိသော ကွန်ဒိုတိုက်ခန်းကို ဝယ်ယူပါက ၂၀ ရာခိုင်နှုန်း ငွေပေးချေပြီးသည်နှင့် အိမ်ရာထိန်းသိန်းစောင့်ရှောက်ခ (၂) နှစ်စာအခမဲ့အပြင် ဒေါ်လာ ၅၀၀၀ တန်ဖိုးရှိ ပရိဘောဂပစ္စည်းများနှင့် iPhone 11 တစ်လုံးလက်ဆောင်ရရှိမည့် အစီအစဉ်များ ပါဝင်မည်ဖြစ်ကြောင်း သိရသည်

ထို့အပြင် ဝန်ဆောင်မှုကို အဓိက အသားပေးလုပ်ကိုင်မည့် GCBC အမည်ရှိ ဧရိယာကျယ်ပြန့်သော ကွန်ဒိုတိုက်ခန်းများကိုလည်း လုပ်ငန်းရှင်များထံ ငှားရမ်းပေးသော အစီအစဉ်များရှိ၍ လက်ရှိတွင် Fortune 500 စာရင်းဝင်ကုမ္ပဏီများနှင့် အခြားကုမ္ပဏီကြီးများလည်း GCBC တွင် လာရောက် ငှားရမ်းနေထိုင်ကာ အလုပ်လုပ်ကိုင်လျက်ရှိပါသည်။

အသေးစိတ် ဆက်သွယ်မေးမြန်းလိုပါက Hotline: +95(0)1-8605111, +95(0)1-8605222 သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။


Credit : Myanmar Builders Guide

Myanmar Real Estate Exchange

Interested in publishing your property on our website?

Click to list your property