ရန်ကုန်-မန္တလေးအမြန်လမ်း အဆင့်မြှင့်စီမံကိန်းဖော်ဆောင်ရန် ပုဂ္ဂလိကကုမ္ပဏီများကို ဖိတ်ခေါ်မည်

ရန်ကုန်-မန္တလေးအမြန်လမ်း အဆင့်မြှင့်စီမံကိန်းဖော်ဆောင်ရန် ပုဂ္ဂလိကကုမ္ပဏီများကို ဖိတ်ခေါ်မည်


ရန်ကုန်-မန္တလေး အမြန်လမ်းကို အဆင့်မြှင့်တင်ရေး စိတ် ဝင်စားသည့် ကုမ္ပဏီများကို ဖိတ်ခေါ်ကာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆောက်လုပ် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီး ဦးဟန်ဇော်က ပြောသည်။

အမြန်လမ်းစီမံကိန်းသည် ကန်ဒေါ်လာသန်း ၉၆၀ ကျော်တန်ဖိုးရှိပြီး ၂၀၂၀-၂၁ ဘဏ္ဍာနှစ်မှ ၂၀၂၄-၂၅ ဘဏ္ဍာနှစ်အတွင်း အပြီး ဆောင်ရွက်ရန် စီစဉ်ထားကြောင်း အစိုးရ၏ စီမံကိန်းဘဏ်တွင် ဖော်ပြထားသည်။

‘‘စိတ်ဝင်စားမှု ဖော်ပြလွှာ (EOI) ခေါ်ဖို့ရှိတယ်။ လမ်းကြီးကို အဆင့်မြှင့်တင်ဖို့ စိတ်ဝင်စားတဲ့ ကုမ္ပဏီတွေကို ဖိတ်ခေါ်ဖို့ရှိတယ်။အဲဒီအပေါ် မူတည်ပြီး မကြာခင် မှာ ပေါ်လာဖို့ရှိတယ်’’ဟု ပြည် ထောင်စုဝန်ကြီးက ပြောသည်။

လက်ရှိတွင် ထိုအမြန်လမ်း နိုင်လွန်ကတ္တရာခင်းခြင်းကို ဝန် ကြီးဌာနက ဆောင်ရွက်နေပြီး ကုန်ကျစရိတ်များ၍ ပုဂ္ဂလိကရင်း နှီးမြှုပ်နှံမှု ဖိတ်ခေါ်ရန် စီစဉ်ခြင်း ဖြစ်သည်။

ထိုလမ်းကြီး အဆင့်မြှင့်တင် ရန် ပထမအကြိမ် ဖိတ်ခေါ်ရာ တွင် ပြည်တွင်းကုမ္ပဏီများသာ လျှောက်ထားသဖြင့် စီမံကိန်းကို ရပ်ဆိုင်းခြင်းဖြစ်သည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီး ဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကြည်ဇော်မြင့်က ဆိုထား သည်။ ရန်ကုန်-မန္တလေး အမြန် လမ်းကို လေးလမ်းသွား လမ်းမ အဖြစ် အဆင့်မြှင့်တင်ရန် စီစဉ် ထားသည်ဟု ဦးဟန်ဇော်က ဆို သည်။ ထိုလမ်းမကြီးသည် မိုင် ၄၀၀ ခန့်ရှည်လျားပြီး ရန်ကုန်- နေပြည်တော်နှင့် မန္တလေးမြို့တို့ သို့ ချိတ်ဆက်ထားသည်။

ရန်ကုန်-ပဲခူးလမ်းပိုင်းကို အာရှဖွံ့ဖြိုးရေးဘဏ် (ADB) အကူအညီဖြင့် အဆင့်မြှင့်တင်ရန် စီစဉ်ထားပြီး မိုင် ၄၀ ခန့်ရှိသည်။ ကျန်လမ်းပိုင်းကို အဆင့်မြှင့်တင် ရေး လေ့လာဆန်းစစ်လေ့လာရန် ရှိသည်ဟု အစိုးရ၏ စီမံကိန်းဘဏ်တွင် ကြေညာထားသည်။

ထိုလမ်းမသည် မြန်မာနိုင်ငံ ၏ တစ်ခုတည်းသော အမြန်လမ်း ဖြစ်ပြီး ပို့ဆောင်ရေးကွန်ရက် အဓိကသွေးကြောဖြစ်သည်။

ထို့အပြင် အနောက်ဘက် မြို့ရှောင်လမ်းမှ ရန်ကုန်-မန္တလေးအမြန်လမ်းသို့ ချိတ်ဆက်မည့်လမ်းသစ်ဖောက်လုပ်နိုင်ရန် ခန့်မှန်းကုန်ကျစရိတ် ၇ ဘီလီယံကျော်ဖြင့် လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။



Credit : Myanmar Builders Guide

Myanmar Real Estate Exchange

Interested in publishing your property on our website?

Click to list your property