
ရန်ကုန်တိုင်းဒေသကြီး ကြည်မြင့်တိုင်မြို့နယ် တစ်ဖက်ကမ်း၌ ဖော်ဆောင်မည့် ရန်ကုန်မြို့သစ်စီမံကိန်း အနီးဝန်းကျင်ရှိ အိမ်ခြံမြေများ အရာင်းအဝယ် ပြန်လည်ကောင်းမွန်လျက်ရှိကြောင်း အိမ်ခြံမြေလုပ်ငန်းရှင်များထံမှ သိရသည်။
ရန်ကုန်မြို့သစ်စီမံကိန်း အနီးဝန်းကျင် အိမ်ခြံမြေများကို ဝယ်ယူသူအများစုသည် ယခင်က အရောင်းအဝယ်ဖြစ်မှုနည်းကြောင်း၊ ယခုအခါ အရောင်းအဝယ်ကောင်းမွန်နေသည့် အိမ်ခြံမြေလုပ်ငန်းများ အကျိုးဖြစ်ထွန်းနေကြောင်း သိရသည်။
လက်ရှိလာရောက်ဝယ်ယူမှု အများဆုံးမြေများမှာ ပေ ၄၀× ပေ ၆၀ မြေကွက်များဖြစ်ပြီး နေရာပေါ်မူတည်၍ ငွေကျပ်သိန်း ၁၅၀ မှ ငွေကျပ် သိန်း ၂၀၀ အထိ ဈေးရှိကြောင်း၊ ယခင်က မြေပိုင်ဆိုင်မှုများတွင် ခိုင်မာမှုမရှိသော်လည်း မြို့သစ်စီမံကိန်း၌ ပြန်လည်နေရာချထားရေးအတွက် ယာယီမြေပေးအမိန့်များထုတ်ပေးနေခြင်းကြောင့် ဝယ်ယူမှုမြင့်တက်လာခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် မူလယာယီမြေပေးမိန့်ထုတ်ယူရန် ကျန်ရှိနေသာမြေပိုင်ရှင်များအား ယာယီမြေပေးမိန့် ပြန်လည်ပေးအပ်ခြင်းကို အပတ်စဉ် ဗုဒ္ဓဟူးနေ့နှင့် ကြာသပတေးနေ့တို့တွင် နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီခွဲအထိ တွံတေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး၌ ဆောင်ရွက်ပေးလျက်ရှိကာ အရောင်းအဝယ်ပြုလုပ်နေသည့် မြေများမှာ စလစ်ထွက်ရှိပြီးသား မြေများသာဖြစ်ကြောင်း သိရသည်။
Credit to the Myanmar builders guide