ကြို့ကုန်းအိမ်ရာ ပြန်လည်ဖွံဖြိုးရေးစီမံကိန်းအတွက် Developer အဖြစ် သီလဝါအများပိုင်ကုမ္ပဏီ (MTSH) လုပ်ကိုင်ခွင့်ရ

ကြို့ကုန်းအိမ်ရာ ပြန်လည်ဖွံဖြိုးရေးစီမံကိန်းအတွက် Developer အဖြစ် သီလဝါအများပိုင်ကုမ္ပဏီ (MTSH) လုပ်ကိုင်ခွင့်ရ


ရန်ကုန်တိုင်း အင်းစိန်မြို့နယ်အတွင်းရှိ မြေ ၁၇ ဧကကျယ်ဝန်းသည့် ကြို့ကုန်းအိမ်ရာ ပြန်လည်ဖွံ့ဖြိုးရေးစီမံကိန်းကို သီလဝါအများပိုင်ကုမ္ပဏီ (MTSH) ကို Preferred Developer အဖြစ် လုပ်ကိုင်ခွင့်ရရှိကြောင်း သိရသည်။

 

MTSH ကုမ္ပဏီက တင်ဒါယှဉ်ပြိုင်သည့်အဆင့်တွင် သီလဝါအထူးစီးပွားရေးဇုန်တွင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် အကြီးစားမြို့ပြနှင့် အိမ်ရာစီမံကိန်းများကို လုပ်ငန်းအတွေ့အကြုံများနှင့် ဘဏ္ဍာရေးဆိုင်ရာတောင့်တင်းခြင်းတို့ကြောင့် ကောင်းမွန်သော အကဲဖြတ်မှုများကို ရရှိခဲ့ခြင်းကြောင့် ဖြစ်သည်။

 

 အဆိုပါစီမံကိန်းကို ငွေကျပ် ၁၇၈ ဘီလီယံ အကုန်ကျခံတည်ဆောက်မည်ဖြစ်ပြီး ကြို့ကုန်းအိမ်ရာအတွင်းနေထိုင်သူများ ပြန်လည်နေရာချထားရေး အဆောက်အဦးများဆောက်လုပ်ရန်တန်ဖိုးသင့်၊ တန်ဖိုးမျှ အိမ်ရာများ၊ Shopping Mall၊ Shop House များ၊ ကျောင်းနှင့် ဆေးရုံတို့ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။


စီမံကိန်းအဆိုပြုလွှာနှင့် တင်ဒါလုပ်ငန်းများ စိစစ်ရွေးချယ်ခြင်းကို Yangon Metropolitan Development အများပိုင်ကုမ္ပဏီက ဆောင်ရွက်ခဲ့ပြီး ရန်ကုန်တိုင်းအစိုးရနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် ရန်ကုန်အစိုးရက ပြည်သူ့အိမ်ရာများကို အဆင့်မြှင့်တင်တည်ဆောက်ရေးစီမံကိန်းအနက် တစ်ခုဖြစ်သည်။

 

 MTSH ကုမ္ပဏီအနေဖြင့်ကြို့ကုန်းအိမ်ရာစီမံကိန်းကို စတင်လုပ်ကိုင်ရန်အတွက် လိုအပ်သည့် သက်ဆိုင်ရာအာဏာပိုင်များနှင့် စာချုပ်ချုပ်ဆိုရန်၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုချက်ရရှိရန်နှင့် လိုအပ်သည့် လုပ်ထုံးလုပ်နည်းများကို ဆက်လက်ဆောင်ရွက်ရဦးမည်ဖြစ်ကြောင်း သိရသည်။


သီလဝါအထူးစီးပွားရေးဇုန် အကောင်အထည်ဖော်ရာတွင် MTSH ကုမ္ပဏီက မြန်မာဘက်မှ ပါဝင်ဆောင်ရွက်သည့် ကုမ္ပဏီဖြစ်ပြီး အများပြည်သူရှယ်ယာ ၁၇,၀၀၀ ကျော်ပါဝင်ကြောင်း သိရသည်။



Credit : Myanmar Builders Guide

Myanmar Real Estate Exchange

Interested in publishing your property on our website?

Click to list your property