အိမ်ရာချေးငွေလျှောက်ထားလိုသူများအတွက် AGD Home Loan အကြောင်း သိကောင်းစရာ

အိမ်ရာချေးငွေလျှောက်ထားလိုသူများအတွက် AGD Home Loan အကြောင်း သိကောင်းစရာ


အိမ်ရာချေးငွေလျှောက်ထားလိုသူများအတွက် AGD Home Loan အကြောင်း သိကောင်းစရာ

AGD ဘဏ်၏ အိမ်ရာချေးငွေဖြင့် အစိုးရဌာနများမှ ဆောက်လုပ်သည့် တန်ဖိုးသင့်၊ တန်ဖိုးနည်း အိမ်ရာများ သို့မဟုတ် လက်ရှိပိုင်ရှင်များထံမှ တိုက်ခန်းနှင့် ကွန်ဒိုမီနီယံများ၊ လုံးခြင်းအိမ်များကို မိမိကိုယ်ပိုင်ဝင်ငွေဖြင့် ဝယ်ယူနိုင်ရန် အိမ်ရာချေးငွေများကို လျှောက်ထားနိုင်ပါသည်။

အိမ်ရာချေးငွေလျှောက်ထားနိုင်သူများကတော့ စီးပွားရေးလုပ်ငန်း လုပ်ကိုင်နေသူများ၊ ဝန်ထမ်းများ၊ အသက်မွေးဝမ်းကြောင်း လုပ်ကိုင်သူများ၊ ပညာရှင်များ၊ ချေးငွေပြန်လည်ပေးဆပ်ရန် ဝင်ငွေရှိသူများတို့ လျှောက်ထားနိုင်ပါသည်။

အိမ်ရာချေးငွေအတိုးနှုန်းများကို ၁၁ ရာခိုင်နှုန်းမှ စတင်သော တစ်နှစ် အတိုးနှုန်း၊ ၃၀ ရာခိုင်နှုန်းမှ စတင်သော ကနဦးပေးချေးငွေနှင့် ၂၅ နှစ်အထိ အများဆုံး ချေးငွေသက်တမ်းတို့ကို မိမိစိတ်တိုင်းကျ ရယူနိုင်ပါသည်။

အိမ်ရာချေးငွေလျှောက်ထားရန် လိုအပ်သော စာရွက်စာတမ်းများကတော့

-မှတ်ပုံတင်မိတ္တူ

-သန်းခေါင်စာရင်းမိတ္တူ

-ရပ်ကွက်ထောက်ခံစာ

-ပတ်စ်ပို့အရွယ်အစား ဓာတ်ပုံ ၂ ပုံ

-လုပ်ငန်းလိုင်စင်

-အခွန်ပြေစာ (ယခင် ၂ နှစ်နှင့် ယခု ၂ နှစ်)

-လစဉ်ဝင်ငွေဖော်ပြသည့် Pay Slip (၆ လစာ တင်ပြရပါမည်)

-သက်ဆိုင်ရာကုမ္ပဏီ (သို့) လုပ်ငန်းရှင်၏ ဝန်ထမ်းဖြစ်ကြောင်း ထောက်ခံစာ

-Bank Statement ( ၆ လစာ တင်ပြရပါမည်)

-အကယ်၍ အခြားဘဏ်များတွင် ချေးငွေရယူထားပါက Loan Statement ၆ လစာ တင်ပြရပါမည်။

အထက်ဖော်ပြပါ စာရွက်စာတမ်းများဖြင့် နီးစပ်ရာ AGD ဘဏ်ခွဲတိုင်းတွင် အိမ်ရာချေးငွေနှင့်ပတ်သက်သော အချက်အလက်များကို စုံစမ်းမေးမြန်း၍ လျှောက်ထားနိုင်ပါသည်။

အိမ်ရာချေးငွေရယူရန် အသေးစိတ်အချက်အလက်များ သိရှိလိုပါက ဖုန်း ၀၁-၂၃၉၉ ၃၃၃ သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။


Credit : Myanmar Builders Guide

Myanmar Real Estate Exchange

Interested in publishing your property on our website?

Click to list your property