ရန်ကုန်ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ ဈေးကွက်အတွင်း ဈေးနှုန်းများမြင့်တက်နေ

ရန်ကုန်ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ ဈေးကွက်အတွင်း ဈေးနှုန်းများမြင့်တက်နေ


ရန်ကုန်ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ ဈေးကွက်အတွင်း ဈေးနှုန်းများမြင့်တက်နေ

ပြည်တွင်း၌ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းထုတ်လုပ်မှု လျော့နည်းလာခြင်းကြောင့် အရောင်းဆိုင်များတွင် ပစ္စည်းအဝင်နည်းပြီး ရန်ကုန်ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းဈေးကွက်အတွင်း ဈေးနှုန်းများမြင့်တက်နေကြောင်း ရန်ကုန်မြို့အခြေစိုက် ဘိလပ်မြေ၊ အုတ်၊ သဲ၊ ကျောက်ရောင်းဝယ်ရေးဆိုင်များမှ သိရသည်။

'' ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းတွေ အဝင်နည်းပြီး ဈေးတက်နေပါတယ်။ ဒါပေမဲ့ အရောင်းအဝယ်ကတော့ ပုံမှန်ပဲသွားနေပါတယ် '' ဟု မင်္ဂလာတောင်ညွှန့်မြို့နယ်မှ ဒေါ်ငွေဝင်းနှင့်သားများ အုတ်၊ သဲ၊ ကျောက်ရောင်းဝယ်ရေးမှ ဦးသန်းအောင်က ပြောသည်။

ကျောက်တစ်ကျင်းလျှင် မတ်လပထမပတ်တွင် ငွေကျပ် ၇၅၀၀၀ မှ မတ်လ ၁၅ ရက်တွင် ငွေကျပ် ၇၇၀၀၀၊ အုတ်တစ်ချပ်လျှင် ငွေကျပ် ၁၀၀ မှ ငွေကျပ် ၁၂၅ ကျပ်၊ သဲတစ်ကျင်းလျှင် ငွေကျပ် ၉၀၀၀ မှ ငွေကျပ် ၁၀၀၀၀ သို့ ဈေးနှုန်းအနည်းငယ် မြင့်တက်လျက်ရှိကြောင်း သိရသည်။

ထိုင်းနိုင်ငံမှတင်သွင်းသည့် ဆင်အမှတ်တံဆိပ်ဘိလပ်မြေမှာ ပုံမှန်အကျဈေး တစ်အိတ်လျှင် ငွေကျပ် ၆၂၀၀ ရှိကြောင်း၊ လက်ရှိ ရန်ကုန်မြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းအရောင်းဆိုင်များသည် ကွန်ဒို၊ တိုက်ခန်းများ ရောင်းထွက်သည့်ပေါ်မူတည်၍ ကန်ထရိုက်တာများအပေါ် အားထားပြီး အရောင်းအဝယ်ပြုလုပ်နေရကြောင်း သိရသည်။

'' ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းအရောင်းဆိုင်တွေက တိုက်ခန်းတွေ၊ ကွန်ဒိုတွေများများဆောက်လုပ်နိုင်မှ အရောင်းအဝယ် အဆင်ပြေမှာပါ '' ဟု တာမွေမြို့နယ်ရှိ ဘိလပ်မြေ၊ အုတ်၊ သဲ၊ ကျောက် ရောင်းဝယ်ရေးဆိုင်တစ်ဆိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အိမ်ခြံမြေအခွန်ခနှုန်းထားများ လျှော့ချလိုက်သော်လည်း ရန်ကုန်ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းဈေးကွက်၌ လက်ရှိအချိန်ထိ ရိုက်ခတ်မှု မရှိပေ

Credit :  Myawady

Myanmar Real Estate Exchange

Interested in publishing your property on our website?

Click to list your property