ဆောက်လုပ်ရေးလုပ်ငန်းများအတွက် အတိုးနှုန်းများ ပိုမိုလျှော့ချရန် ထပ်မံတောင်းဆို

ဆောက်လုပ်ရေးလုပ်ငန်းများအတွက် အတိုးနှုန်းများ ပိုမိုလျှော့ချရန် ထပ်မံတောင်းဆို


ဆောက်လုပ်ရေးလုပ်ငန်းများအတွက် ထုတ်ချေးငွေပမာဏ တိုးမြှင့်ပေးရန်နှင့် အတိုးနှုန်းထားများ လျှော့ချပေးရန်အတွက် ထပ်မံတောင်းဆိုလိုကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်များထံမှ သိရသည်။

 

အစိုးရအနေနှင့် လတ်တလောစီးပွားရေး ကျဆင်းမှုများကြောင့် အသေးစား၊ အလတ်စားနှင့် အငယ်စားစီးပွားရေး လုပ်ငန်းရှင်များအတွက် အတိုးနှုန်း ၁ ရာခိုင်နှုန်းဖြင့် ချေးယူနိုင်မည့် ချေးငွေဘီလီယံ ၁၀၀ ချထားပေးသော်လည်း ယင်းလုပ်ငန်းများထဲတွင် ဆောက်လုပ်ရေးလုပ်ငန်း မပါဝင်သည့်အတွက် အတိုးနှုန်းလျှော့ချမှုနှင့် ချေးငွေပမာဏ တိုးမြှင့်ရန်အတွက် တောင်းဆိုလိုကြောင်း မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များ အသင်းချုပ် (MCEF) မှ အတွင်းရေးမှူး ဦးမျိုးမြင့်က ပြောကြားသည်။


'' ဆောက်လုပ်ရေးဈေးကွက်က ပိုခက်နေတယ်။ ပြီးခဲ့တဲ့ ၂၀၁၉ နှစ်ကုန်မှာဆို ဘဏ်ချေးငွေပြန်မဆပ်လို့ တရားစွဲတာတွေ ဖြစ်ခဲ့တယ်။ အဲဒီအတွက် ဗဟိုဘဏ်က တင်းကျပ်လိုက်တာတွေရှိတယ်။ နိုင်ငံတကာမှာတော့ များများချေးနိုင်အောင်၊ ဘဏ်မှာကျန်တဲ့ငွေပမာဏ များများကျန်အောင် လျှော့ချပေးတာ၊ အခွင့်အလမ်း ဖန်တီးပေးတာတွေ၊ သတ်မှတ်အချိုးနဲ့ ကိုက်ညီအောင် လုက်တာတွေရှိနေတယ်။ နိုင်ငံတော်အနေနဲ့လည်း ဒီအချိန်မှာ အဲဒီလိုလျှော့ချပြီး ထုတ်ချေးငွေ များများချေးနိုင်အောင် လုပ်ပေးမယ်ဆိုရင် ဘဏ်တွေအနေနဲ့ရော၊ လုပ်ငန်းရှင်တွေအတွက်ပါ တစ်ဖက်တစ်လမ်းက အဆင်ပြေမယ်။ နောက်ပြီးအတိုးနှုန်းလျှော့ပေးမယ်ဆိုရင်လည်း အဆင်ပြေတယ် '' ဟု ၎င်းကပြောသည်။


မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဧပြီလ ၁ ရက်နေ့မှ စတင်လျှော့ချမည့် အတိုးနှုန်း ၁ ဒသမ ၅ ရာခိုင်နှုန်းသည် မြန်မာနိုင်ငံ၏ လက်ရှိသတ်မှတ်ထားသည့် အတိုးနှုန်းအတွက် ထိရောက်မှု အားနည်းကြောင်း၊ ယင်းအတွက်ကြောင့် ထပ်မံတောင်းဆိုလိုခြင်းဖြစ်ကြောင်း MCEF ထံမှ သိရသည်။

 

 

Source: The Voice


Myanmar Real Estate Exchange

Interested in publishing your property on our website?

Click to list your property